"မွေးနေ့မှာ အလှူဒါနတွေ ပြုလုပ်ခွင့်ရလို့ ဝမ်းသာနေတဲ့ သရုပ်ဆောင်နေဒွေး"

//s9.kh1.co/92/92a5ef9c41265968b15463664c502070671b08d9.jpg
အနုပညာရှင်များ

 ၁၃-အောက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၄ နှစ် က

''မွေးနေ့မှာ အလှူဒါနတွေ ပြုလုပ်ခွင့်ရလို့ ဝမ်းသာနေတဲ့ သရုပ်ဆောင်နေဒွေး''

ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်နေဒွေးဟာ ဒီနေ့သူ့မွေးနေ့မှာ အလှူဒါနတွေနဲ့ ဖြတ်သန်းဖြစ်ခဲ့ပါတယ်။

Photo Credit-Nay Dway's Facebook
Photo Credit-Nay Dway's Facebook

သရုပ်ဆောင်နေဒွေးဟာ သူ့ရဲ့မွေးနေ့အလှူအတွက် မရောက်တာကြာနေပြီဖြစ်တဲ့ တွံတွေးပုဗ္ဗရုံ ဘုန်းကြီးကျောင်းဝင်းအတွင်း ကွန်ကရစ်လမ်းခင်းဖို့အတွက် အလှူငွေ ၁၀ သိန်း၊ဘုန်းကြီးကျောင်းသိမ်အမိုးအတွက် အလှူငွေ ၁၅ သိန်း၊အုတ်တံတိုင်းအတွက် အလှူငွေ ၅ သိန်း စုစုပေါင်း အလှူငွေ သိန်းသုံးဆယ်ကို မွေးနေ့အလှူအဖြစ် လှူဒါန်းပေးခဲ့ပါတယ်။

Photo Credit - Nay Dway's Facebook
Photo Credit - Nay Dway's Facebook
Photo Credit - Nay Dway's Facebook
Photo Credit - Nay Dway's Facebook

ဒီလိုလှုဒါန်းရတဲ့ ကုသိုလ်အလှုဟာ ခုနှစ်ရက်သားသမီးများရဲ့ စုပေါင်း အလှုဖြစ်ပါတယ်လို့လည်း သူရဲ့ Facebook မှာရေးသားခဲ့ပါတယ်။

Photo Credit- Nay Dway's Facebook
Photo Credit- Nay Dway's Facebook

အစ်ကိုမွေးနေ့ကစပြီး ဒီထက်မက အောင်မြင်မှုတွေရရှိပြီး ချစ်သောမိသားစု၊ချစ်သောပရိတ်သတ်၊ချစ်သောအနုပညာနဲ့ အလှူအတန်းတွေ ဒီထက်မက လုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ် Nay Dway

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T