ဗိုက်ခွဲထားတဲ့ကြားကနေ သားလက်ကိုဆွဲပြီး စပါးတွဲလေးတွေရောင်းနေရတဲ့ သားအမိနှစ်ယောက်အတွက် လေးစားစရာလုပ်ရက်လေးကို ပြုလုပ်ခဲ့တဲ့ လူရွှင်တော် မိုးစက်

//s9.kh1.co/7b/7b9e73e0ac36d3516086a2b2761f5a593cb3d691.jpg
အနုပညာရှင်များ

 ၀၅-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၅ နှစ် က

.

လူရွှင်တော်မိုးစက် ကတော့ လတ်တလော နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ရောဂါကူးစက်မှုဖြစ်ပေါ်နေတဲ့ အချိန်ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ မိသားစုတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေ လုပ်ပေးပြီး မွန်မြတ်တဲ့ ပရဟိတအလုပ်တွေကို လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။ သူ့ရဲ့အလှူလေးတွေမှာ အနယ်နယ်အရပ်ရပ်ကနေ စေတနာရှင်များရဲ့ လှူဒါန်းမှုတွေနဲ့ အတူ လှူဒါန်းထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

Photo Credit - MoeSat fb account
Photo Credit - MoeSat fb account
Photo Credit - MoeSat fb account
Photo Credit - MoeSat fb account

သူပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကိုလည်း ပရိသတ်တွေ ထပ်တူသာဓုခေါ်နိုင်အောင် အမြဲဖော်ပြလေ့ရှိပါတယ်။ ယခုမှာလည်း လူရွှင်တော် မိုးစက်က (၇)ရက်သားသမီးတွေရဲ့ စုပေါင်းကုသိုလ်တွေနဲ့ အတူ မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကို ထပ်မံပြုလုပ် ပေးခဲ့ပါတယ်။ ဒါကတော့ စားဝတ်နေရေးအတွက် တစ်လမ်းဝင်တစ်လမ်းထွက်ကာ လိုက်လံရောင်းချနေတဲ့ သားအမိနှစ်ယောက်ရဲ့ စပါးတွဲလေးတွေကို ကူညီလှူဒါန်းပေးတဲ့အနေနဲ့ ငွေ(၇)သောင်းပေးပြီး ဝယ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - MoeSat fb account
Photo Credit - MoeSat fb account
Photo Credit - MoeSat fb account
Photo Credit - MoeSat fb account

အဆိုပါ သားအမိနှစ်ယောက်ဟာ ဝမ်းရေးအတွက် လှိုင်သာယာ၊ သမာကုန်း ကျွန်းကြီးရွာကနေ တောင်ဒဂုံအထိ လိုင်းကားစီးပြီး သွားရောက်ကာ ရောင်းချနေတာဖြစ်ပါတယ်။ စိတ်မကောင်းစရာကတော့ စပါးတွဲထမ်းရောင်းနေတဲ့ အဒေါ်ဟာ မကြားသေးခင်ကမှ ဝမ်းဗိုက်ခွဲထားတာလို့ သိရပါတယ်။ ကျန်းမာရေးမကောင်းနေတဲ့ကြားကနေ သားလက်ကိုဆွဲပြီး ဝမ်းရေးအတွက် ခက်ခက်ခဲခဲ ရှာဖွေစားသောက်နေရတဲ့ မိသားစုကို ယခုလိုကူညီလှူဒါန်းပေးတာကတော့ တကယ့်ကို မွန်မြတ်လှပါတယ်။

သတင်း အရင်းအမြစ် Source - MoeSat fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T