နာမည်ကြီး BRAND တစ်ခုရဲ့ ကြော်ငြာ မော်ဒယ်အမိုက်စားပုံလေးတွေ မျှဝေလာတဲ့ မေမြတ်နိုး

//s9.kh1.co/df/df33dcd668f5dc6b81a7cfc49b5d096b5a4b38ff.jpg
အနုပညာရှင်များ

 ၀၅-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၄ နှစ် က

နိုင်ငံခြားသူလေးကြနေတာပဲ လှနေလိုက်တာ..... (အပြည့်အစုံဖတ်ရန်ပုံကိုနှိပ်ပါ)

သီချင်းဆိုပြိုင်ပွဲတစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ရာမှ တစ်ဆင့်ဂီတလောကထဲသို့ စတင် ဝင်ရောက်လာခဲ့ သူကတော့ မေမြတ်နိုးပဲဖြစ်ပါတယ်။ သူမကတော့ ဂီတလောကမှ တစ်ဆင့် အနုပညာဘက်သို့ ကူးပြောင်းလာခဲ့ပြီး လက်ရှိအချိန်မှာတော့ ပြည်ပနိုင်ငံတွင်I nternational Model အဖြစ်ရပ် တည်နေတာ ဖြစ်ပါတယ်။ မော်ဒယ် မေမြတ်နိုးကတော့ မြန်မာနိုင်ငံတွင် သာမကဘဲ ပြည်ပနိုင်ငံများက ပရိသတ်တွေ ရဲ့ တစ်ခဲနက် ထောက်ခံ အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားသူ တစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit - May Myat Noe's Facebook Acc
Photo Credit - May Myat Noe's Facebook Acc

မေမြတ်နိုး ကတော့ ဖေဖော်ဝါရီလ အစကတည်းမှစတင်ပြီး ပြည်သူတွေနဲ့ အတူ အမှန်တရားဘက်မှ ရပ်တည်ကာ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုအတွက် လမ်းထွက်ကာ တတ်နိုင်သလောက် ပါဝင် ဆောင်ရွက် ပေးနေသူလည်းဖြစ်ပါတယ်။ နိုင်ငံခြားသို့ရောက်ရှိနေပေမယ့်လဲ သူမအတတ်နိုင်ဆုံး ပါဝင်တော်လှန်ခဲ့ပါသေးတယ်။ ပြည်သူလူထု နဲ့အတူ ယုံကြည်ရာ ပန်းတိုင်ကို လျှောက်လှမ်းနေသူ ဖြစ်တာကြောင့် အားလုံးက သူမရဲ့ စိတ်ထားလေးကို လေး စားနေကြတာပါ

Photo Credit - May Myat Noe's Facebook Acc
Photo Credit - May Myat Noe's Facebook Acc
Photo Credit - May Myat Noe's Facebook Acc
Photo Credit - May Myat Noe's Facebook Acc

မေမြတ်နိုးကတော့ အလှမယ်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ သူမက ဖက်ရှင်တွေကိုလည်း လိုက်ဖက်ညီစွာဝတ်ဆင်တတ်တာကို တွေ့ရပါတယ်။

Photo Credit - May Myat Noe's Facebook Acc
Photo Credit - May Myat Noe's Facebook Acc

အခုလည်း နိုင်ငံခြားက နာမည်ကြီး Brand တစ်ခုနဲ့ ကြော်ငြာ ရိုက်ကူးနေတဲ့ အမိုက်စား ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်ပေါ်ကနေထုတ်ပြလာပါတယ် ။ ပုံတိုင်းက International Model လို မိမိုက်နေပြီး အထာကျလွန်းတဲ့ သူမရဲ့ ဖက်ရှင်တွေက အခါခါပြန်ကြည့်ချင်ရလောက်အောင်ပါပဲ။ မေမြတ်နိုးရဲ့ အမိုက်စား ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

Photo Credit - May Myat Noe's Facebook Acc
Photo Credit - May Myat Noe's Facebook Acc
Photo Credit - May Myat Noe's Facebook Acc
Photo Credit - May Myat Noe's Facebook Acc
Photo Credit - May Myat Noe's Facebook Acc
Photo Credit - May Myat Noe's Facebook Acc
Photo Credit - May Myat Noe's Facebook Acc
Photo Credit - May Myat Noe's Facebook Acc

Source - May Myat Noe's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T