" BLACKPINK အဖွဲ့ဝင် JENNIE ရဲ့ ထိမိနေတဲ့အမိုက်စားဖက်ရှင်များ "

//s9.kh1.co/c0/c0098ae8f0aaafc5c16fa6771652adb5b234f5d9.jpeg
အနုပညာရှင်များ

 ၀၅-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၄ နှစ် က

" BLACKPINK အဖွဲ့ဝင် JENNIE ရဲ့ ထိမိနေတဲ့အမိုက်စားဖက်ရှင်များ "

JENNIE ဟာ Chanel ရဲ့ House Brand Ambassador တစ်ယောက်လည်း ဖြစ်သလို Calvin Klein ရဲ့ ပထမဦးဆုံးရွေးချယ်ခံရတဲ့ Global Brand Ambassador တစ်ဦးလည်းဖြစ်ပါတယ်။

Chanelရဲ့ House Ambassador တစ်ဦးဖြစ်ပေမဲ့လည်း သူမက တခြား Brand ကိုရောပါ Promote လုပ်ပေးခဲ့ပါတယ်။Chanel ရဲ့ House Ambassador တစ်ယောက်ဆိုပြီး ခေါင်းအစခြေအဆုံးတကယ့်နာမည်ကြီး Brand တွေကိုပဲ ရွေးဝတ်လိမ့်မယ်လို့ထင်ရင် မှားသွားပါလိမ့်မယ်။သူမ Promote လုပ်ပေးခဲ့တဲ့Brand Tuming Brand ရဲ့Mixed Top လေးဟာ ဆိုရင်မြန်မာငွေကျပ် ၅သောင်းကျော်ဝန်းကျင်သာ ရှိပါတယ်။

Blackpink အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ JENNIE ဟာ သူမရဲ့လှပကျော့ရှင်းတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံတွေကို  အမိုက်စားဖက်ရှင်တွေနဲ့ ဓာတ်ပုံတွေမှာ သက်သေပြလေ့ရှိတဲ့သူတစ်ယောက်ပါ။

Photo Credit - Google
Photo Credit - Google

နောက်ပြီးတော့ JENNIE ဟာဆိုရင် Fashionista ဖြစ်လို့ အဝတ်အစားတွေကို တစ်ခါနဲ့တစ်ခါ မထပ်အောင်ကို ဝတ်ဆင်နိုင်တဲ့သူဖြစ်သလို အလန်းစားလည်း ဝတ်ပြနိုင်သူ ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

Blackpink အဖွဲ့နဲ့ ပွဲထွက်ကတည်းက သူမအနေနဲ့ အောင်မြင်မှုတွေ ရှိခဲ့သလို Solo အဖြစ် ပွဲထွက်ရာမှာလည်း JENNIE ဟာ အောင်မြင်မှုတွေ တောက်လျှောက် ရရှိခဲ့ပါတယ်။

Photo Credit - Google
Photo Credit - Google

ဒီတစ်ခေါက်မှာလည်း JENNIE က Chanel ရဲ့ Global Brand Ambassador အနေနဲ့ အနီရောင် Outfit ကို ဝတ်ဆင်ပြီး တက်ရောက်ခဲ့ပါတယ်။ "Chanel Paris Fashion Week "ပွဲကို ဒီနေ့ ညနေ ၃:၁၅ မိနစ်မှာ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်၊၊Chanel Show ကျင်းပမဲ့ နေရာကတော့ Eiffel Tower အနီးမှာ ရှိတဲ့ Grand Palasis Éphémère မှာ ကျင်းပမှာပဲ ဖြစ်ပါတယ်၊၊

Photo Credit - Google
Photo Credit - Google

ကမ္ဘာကျော် Brand တစ်ခုဖြစ်တဲ့ Chanel ရဲ့ Global Ambassador ဖြစ်တဲ့ JENNIE ကို  " Chanel Spring Summer 2021/2022 Collection" အသစ်တွေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google
Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T