သရုပ်ဆောင်မင်းသား ညီနန္ဒကတော့ ကျရာဇာတ်ရုပ်မှာ ပီပြင်စွာသရုပ်ဆောင်နိုင်ပြီး သဘာဝကျတဲ့ ဇာတ်ပို့ကောင်း တစ်ယောက်လည်းဖြစ်ပါတယ်။ ညီနန္ဒကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို ရဲရဲရင့်ရင့်နဲ့ အင်တိုက်အားတိုက်ပြုလုပ်တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။


ညီနန္ဒက စစ်ကောင်စီရဲ့ အမှုဖွင့် အရေးယူခြင်းခံထားရတာကြောင့် လတ်တလောမှာ အခက်အခဲတွေနဲ့ အန္တရာယ်တွေကြားက ရှောင်တိမ်းပုန်း ခိုနေရသူလည်း ဖြစ်ပါတယ်..။ လတ်တလောအခြေအနေတွေကြောင့် မိသားစုနဲ့ ခွဲခွာနေရပြီး ယနေ့ကျရောက်တဲ့ ချစ်ရတဲ့ ဇနီးလေးမွေးနေ့မှာ အဝေးကနေပဲ ဆုတောင်းပေးထားပါတယ်။

မွေးနေ့ဆုတောင်းလေးက ‘Happy Birthday ပါ ချစ်ရပါသောမိန်းမရေ...မိန်းမရဲ့ ဒီနေ့ကျရောက်တဲ့ မွေးနေ့ကစပြီး တစ်သက်လုံးစိတ်ချမ်းသာပါစေ... ယောကျ်ားအပေါ်မှာရော သမီးလေးအပေါ်မှာပါ တာဝန်ကျေလွန်းတဲ့အတွက် ပိုပြီးတန်ဖိုးထားချစ်ရပါတယ်...

"ကိုနန္ဒ ထောပတ်ထမင်း" ရဲ့ မျိုးဆက်ဖြစ်တဲ့ "စနိုးဦး ထောပတ်ထမင်း" ကို တစ်ယောက်တည်း အောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့အရည်အချင်းကို တန်ဖိုးထား ဂုဏ်ယူပါတယ် မိန်းမရေ... မိန်းမအဖြစ်ချင်ဆုံးဆန္ဒ "သာသနာပြုနိုင်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီး" အမြန်ဆုံးဖြစ်ပါစေ..’ လို့ သူရဲ့ လူမှုကွန်ယက်ကနေ ဆုတောင်းစာလေး ရေးပေးထားပါတယ်။


Source - Nyi Nanda's Fb Acc