သရုပ်ဆောင်ညီနန္ဒကတော့ အမှန်တရားအတွက် ရည်သူတွေနဲ့အတူ ရပ်တည်ကာ လူထုလှုပ်ရှားမှုဆွေမှာ ပါဝင်ခဲ့တာကြောင့် အမှုဖွင့်အရေးယူခြင်းခံထားရပြီး လတ်တလောမှာတော့ ရှောင်တိမ်းနေရတာ ဖြစ်ပါတယ်။ မိသားစုတွေနဲ့အဝေးမှာ ရောက်ရှိနေတဲ့အချိန် ဖခင်ဖြစ်သူကွယ်လွန်သွားတာကြောင့်လည်း ဖြေမဆည်နိုင်အောင် ထိခိုက်နာကျင်နေရတာလည်း ဖြစ်ပါတယ်။

ညီနန္ဒကတော့ ဖခင်ကြီးကွယ်လွန်ခြင်း (၂)လပြည့်နေ့လေးမှာလည်း ကောင်ူမှုတွေပြုကာ ရည်စူးကုသိုလ်တွေပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ကွယ်လွန်ခြင်း (၂)လပြည့်အတွက် မြောက်ဒဂုံ ကန်ဦးကျောင်းက ဆရာတော်နဲ့ သံဃာတော်တွေအတွက် နေ့ဆွမ်းအဖြစ် "စနိုးဦး ဆိတ်သားလုံး ထောပတ်ထမင်း" "စနိုးဦး ကြက်သားထောပတ်ထမင်း" "စနိုးဦး အဟာရကြက်ဥပေါင်း" တွေကို ဆက်ကပ်လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

ကွယ်လွန်သွားတာ နှစ်လပြည့်သွားခဲ့ပေမယ့် ယနေ့အချိန်ထိ စိတ်ထိခိုက်ဝမ်းနည်းနေရတဲ့အကြောင်းတွေကိုလည်း ညီနန္ဒက ဖွင့်ဟပြောပြထားပါသေးတယ်။ ဖခင်သက်ရှိထင်ရှားရှိတဲ့အချိန်က "ပစ္စုပ္ပန်၌ တော်စပ်သော ဖခင်ကြီး စနေသားဦးထွန်းမင်း" လို့ ကန်တော့နေခဲ့ပြီး အခုချိန်မှာတော့ "ပစ္စုပ္ပန်၌ တော်စပ်'ခဲ့'သော ဖခင်ကြီး စနေသားဦးထွန်းမင်း" လို့ ကန်တော့နေရကာ ခဲ့'ဆိုတဲ့စာလုံးကို ဖြည့်ပြီး ရွတ်တဲ့အချိန်တိုင်း စိတ်ထိခိုက်နာကျင်ရသလို အရမ်းလည်းသတိရနေတဲ့အကြောင်းတွေ ပြောပြထားတာ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ Nyi Nanda's Fb Acc