ပရဟိတမင်းသားချော သရုပ်ဆောင်ဝေဠုကျော်ကတော့ ဆယ်စုနှစ်တွေကတည်းက ပရိသတ်အားပေးမှုတွေနဲ့ ဇာတ်ကားတွေများစွာရိုက်ကူးကာ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ပရဟိတဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားကာ အခက်အခဲတွေနဲ့ လိုအပ်နေတဲ့ပြည်သူတွေအတွက် ဖေးမကူညီမှာတွေနဲ့ လှူဒါန်းမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။


ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ မိသားစုလိုက်အခက်အခဲဖြစ်နေပြီး ထောက်ပံ့လုပ်ကြွေးမယ့်သူမရှိဘဲ စားဝတ်နေရေးမပြေလည်တဲ့ မိသားစုအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဆီးချိုရှိနေတဲ့ သားက အသက်(၉၄)နှစ်အရွယ် အမေဖြစ်သူကို ပွေ့ချီဆီးတည်ရာမှ ခြေထောက်ရှနာရာကာ အနာပုပ်ပြီး ခြေထောက်ဖြတ်ရတဲ့အပြင် သမီးဖြစ်သူကလည်း မျက်စိကွယ်နေတာကြောင့် ထောက်ပံ့လုပ်ကြွေးသူလည်း မရှိဘဲ စားဝတ်နေရေးတော်တော်လေး ကြပ်တည်းဒုက္ခများနေကြတာပါ။


မျက်စိကွယ်နေတဲ့ သမီးကတော့ လတ်တလောမှာ အလှူရှင်ကကုသပေးလို့ ခွဲစိတ်ထားရတယ်လို့လည်း သိရပေမယ့် အဖွားကတော့ အသက်ကြီးပြီဖြစ်တာကြောင့် ကျမ်းမာရေး သိပ်မကောင်းတော့ဘဲ ခြေလက်အဆစ်တွေ ကိုက်ခဲနေတယ်လို့ သိရပါတယ်။ စားဝတ်နေရေးခက်ခဲနေတဲ့ အဆိုပါမိသားစုအတွက် ဝေဠုကျော်ဖောင်ဒေးရှင်းမှ အလှူရှင်တွေကိုယ်စား အလှူငွေ (၅)သောင်းကျပ်ကို တတိယအကြိမ်ထပ်မံ ထောက်ပံ့လှူဒါန်းပေးလိုက်တာ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ Wai Lu Kyaw's Fb Page