သရုပ်ဆောင်မင်းသမီးချော ဆောင်းယွန်းစံကတော့ အနုပညာပိုင်းမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားသလို လှူဒါန်းမှုတွေ မကြာခဏပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ ကောင်းမှုကုသိုလ်လေးတွေ ဆက်တိုက်ပြုလုပ်နေတဲ့ ဆောင်းယွန်းစံကတော့ သီလရှင်ဆရာလေးတွေအတွက်လည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်း စံပြကျေးရွာ၊ ချမ်းမြေ့ဂုဏ်ရည် သီလရှင်စာသင်တိုက်မှာ စာသင်တိုက်မှာ သီတင်းသုံးတော်မူနေကြတဲ့ သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး၊ဆရာလေးများအတွက် စားသောက်ကုန်တွေ လှူဒါန်းခဲ့တာပါ။ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ အာလူး၊ ငါးပိ၊ ငါးခြောက်၊ ဆပ်ပြာ၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံများနဲ့ အလှူငွေတွေ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။


သူမရဲ့ကြည်နူးပီတိဖြစ်စရာကောင်းလွန်းတဲ့ အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားသလို ဆွမ်းခက်အခဲအတွက် နည်းများမဆိုပါဝင်လှူဒါန်းနိုင်ကြောင်းကိုလည်း အသိပေးပြောပြထားပါသေးတယ်။ ဆောင်းယွန်းစံရဲ့အလှူပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအားလုံးက ဝမ်းသာစွာ သာဓုခေါ်ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်။

သတင်း အရင်းအမြစ်៖ Saung Yoon San's Fb Acc