ဗမာလူမျိုးတွေဟာ ဟိုးအရင်ခေတ်တည်းက တမူထူးခြားပြီး ယဥ်တဲ့အလှကြောင့် နိုင်ငံရပ်ခြားမှ စိတ်ဝင်စားခြင်းကို အထူးတလည်ခံခဲ့ကြရပါတယ်။ယခုအခါမှာလည်း မြန်မာကပြားမလေးဖြစ်ပြီး International model အဖြစ်ရပ်တည်နေခဲ့တဲ့ မိန်းမလှလေးကိုတွေ့ရှိခဲ့ပါတယ်။


သူမ နာမည်ကတော့ Yolanda Thein လို့အများကသိကြပြီး သူမ ကို ဖခင် ဗမာလူမျိုး နဲ့ မိခင် ဆွစ်ဇာလန်သူ ကနေ မွေးဖွားလာခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ သူမ ဟာ Europe ဘက်က Model Agency တွေနဲ့စာချုပ်ချုပ်ပြီး Fashion model အနေနဲ့ရပ်တည်နေသူတစ်ဦးပါ။


သူမဟာ အသက်(၉) နှစ်အထိ မြန်မာမှာ နေခဲ့ဖူးတယ်လို့ သိရပြီး ယခုအချိန်မှာ သူမရဲ့မိခင်နဲ့အတူ သူမမွေးရပ်မြေ မြန်မာကို မကြာမကြာလာလည်လေ့ရှိပါတယ်။


သူမ ဟာ အရပ် (၅)ပေ (၈) လက်မရှိပြီး သူမမှာ Environmental project တစ်ခုကို လက်ရှိတာဝန်ယူနေတာဖြစ်ပါတယ်။သူမဟာ ပင်လယ်ကိုချစ်မြတ်နိုးသူ တစ်ဦးဖြစ်ပြီး လူသားတွေအနေနဲ့နေ့စဉ်ဘဝမှာ ပလတ်စတစ် ကိုလျှော့ချသုံးပေးဖို့ကို အင်စတာဂရမ် ကနေ Plannet People လို NGO အဖွဲ့စည်းကလူတွေနဲ့ Live talk တွေပြောကာ လူတွေကို အသိပညာပေးခဲ့သူတစ်ဦးဖြစ်ပါတယ်။


သူမ ဟာ ဒီရေတောတွေဖြစ်တဲ့ ဓနိပင်တွေပျက်ဆီးမှုကို ကာကွယ်ပြီး ပင်လယ်သမုဒ္ဒရာတွေထဲမှာ ညစ်ညမ်းမှု တွေမဖြစ်စေဖို့ ထိုင်းနိုင်ငံက ဖူးခက်လိုနေရာမျိူးထိ project အတွက် ကွင်းဆင်းပြီး ပညာပေး အစီအစဥ်တွေပြုလုပ်ခဲ့တဲ့ တကယ့်ကို အဖိုးတန်မိန်းမလှလေးပါပဲ။


ပရိတ်သတ်တွေအနေနဲ့လည်း ကိုယ့်မြန်မာလူမျိုးထဲမှာ ဒီလိုလှပထက်မြက်တဲ့ မိန်းမလှလေးကို အားပေးနိုင်ကြစေဖို့ Yolanda Thein ရဲ့ ပုံတွေကိုကြည့်ရှုခံစားလို့ရအောင် ဖော်ပြပေးလိုက်ရပါတယ်။








