အရာအားလုံးပျက်ဆီးသွားပြီဖြစ်လို့ ပြည်သူတွေအားလုံးညီညွတ်ဖို့လိုနေပြီဖြစ်ကြောင်း ဖွင့်ဟလာတဲ့ မင်းမော်ကွန်း

//s9.kh1.co/a0/a00a4402718a6cdcd87be8540aa4698e273afbc8.jpg
အနုပညာရှင်များ

 ၂၉-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်မင်းမော်ကွန်းကတော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် အရာရာကို စွန့်လွှတ်ပြီး နွေဦးတော်လှန်ရေးဆင်နွှဲနေသူဖြစ်ပါတယ်။ မိသားစုနဲ့အတူ လွတ်မြောက်နယ်မြေကိုရောက်ရှိနေပြီး အာဏာရှင်ကို ရောက်ရာနေရာကနေ ဆန့်ကျင်နေတဲ့ မင်းမော်ကွန်းကတော့ ပြည်သူတွေရဲ့ လေးစားခြင်းကို ခံနေရတဲ့ အနုပညာရှင်တစ်ဦးဆိုလည်း မှားမယ်မထင်ပါဘူး ။

Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc

မင်းမော်ကွန်းရဲ့ မိသားစုကလည်း ဘေးကနေတောက်လျှောက်ပါရမီဖြည့်ပေးနေပြီး တော်လှန်ရေးအောင်မြင်ဖို့အတွက် တောထဲတောင်ထဲမှာကြိုးစားပါ၀င်နေကြတာလည်း တွေ့ရပါတယ်။ အခုအခါမှာဆိုရင်လည်း မြန်မာငွေကျပ်တန်ဖိုးဟာ လျော့သထက်လျော့လာနေပြီး ငွေကြေးဖောင်းပွမှုတွေဟာ အာဆီယံနိုင်ငံတွေထဲမှာ အမြင့်ဆုံးရောက်နေတာကိုလည်း တွေ့ရပါတယ်။

Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc

ငွေကြေးဖောင်းပွနေတာကြောင့် ကုန်ပစ္စည်းတွေလည်း နှစ်ဆနီးပါးလောက်ဈေးတက်နေသလို စက်သုံးဆီဈေးတွေနဲ့ ရွှေဈေးတွေလည်း အတော်လေးမြင့်တက်ကုန်ပြီး ပြည်သူတွေဒုက္ခရောက်နေကြရတာပါ။ ဒီလိုအခြေအနေတွေကြောင့် မင်းမော်ကွန်းဟာ အရာအားလုံးပျက်ဆီးသွားပြီဖြစ်လို့ ပြည်သူတွေအားလုံးညီရင် ခဏလေးနဲ့အနိုင်ရနိုင်ကြောင်း ပြောလာခဲ့တာဖြစ်ပါတယ်။

Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc

သတင်း အရင်းအမြစ်Kyaw Kyaw Htay Lwin's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T