ဝေဠုကျော်ဖောင်ဒေးရှင်းမှလည်း ဒီကာလမှာ အခြေခံပြည်သူတွေကို ဆန်၊ဆီ၊ကြက်သွန်၊သားငါး စတာတွေကို တတပ်တအားဝေငှပေးနေတာပဲဖြစ်ပါတယ်။ဝေဠုကျော်ကလည်း ကျူးကျော်တဲတွေမှာနေထိုင်တဲ့ ပြည်သူတွေဆီကိုယ်တိုင်သွားရောက်ပြီး ရင်းရင်းနှီးနှီးနဲ့ အားပေးစကားလည်းပြောပေးတာဖြစ်ပါတယ်။စက်တင်ဘာလ (၂၇)ရက်နေ့ကဆိုရင် ဝေဠုကျော်က လှိုင်သာယာကျူးကျော်ထဲကို အခြေခံစားသောက်ကုန်တွေနဲ့ ဟင်းချက်စရာတချို့သွားလှူပေးခဲ့တာဖြစ်ပါတယ်။


အဲ့ဒီမှာ ပိုလီယိုသမီးငယ်လေးတစ်ယောက်ကို တွေ့တော့ အဝတ်အစားလေးတွေပါလှူပေးခဲ့တာဖြစ်ပါတယ်။သမီးငယ်လေးရဲ့ အမေက မုဆိုးမတစ်ယောက်ဖြစ်ပြီး စားဝတ်နေရေးအတွက်ရုန်းကန်နေရတာကြောင့် စားနပ်ရိက္ခာတချို့ပါဝေငှပေးခဲ့တာဖြစ်ပါတယ်။သမီးငယ်လေးက စကားမပြောနိုင်၊လမ်းမလျှောက်နိုင်ပေမယ့် အဝတ်တွေလျှော်တာမျိုးတော့ လုပ်တတ်တယ်လို့သိရပါတယ်။အမေတစ်ခု၊သမီးတစ်ခုဘဝမှာ သားအမိနှစ်ယောက်တည်းရုန်းကန်နေရတာဖြစ်ပါတယ်။


သမီးငယ်လေးကတော့ ဝေဠုကျော်လှူတဲ့ အဝတ်အထည်လေးတွေကိုကြည့်ပြီး ပြုံးပျော်ရွှင်နေတာပဲဖြစ်ပါတယ်။ဝေဠုကျော်ကလည်း သမီးငယ်လေးပျော်ရွှင်အောင် မေတ္တာအပြည့်နဲ့လှူဒါန်းပေးတာဖြစ်ပါတယ်။ဒီလို စီးပွါးရေးကြပ်တည်းနေတဲ့အချိန်မှာ အခြေခံပြည်သူလူထုအတွက် ခုနှစ်ရက်သားသမီးများရဲ့အလှူကိုစုပေါင်းပြီး တစ်ထောင့်တစ်နေရာကနေ အလှူအတန်းတွေလုပ်ဆောင်နေတဲ့ ဝေဠုကျော်ရဲ့ပုံရိပ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။


Source&Photo Credit:Wai Lu Kyaw Foundation’s Fb page