မင်းသမီးချော သင်ဇာဝင့်ကျော်က ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင်ပဲ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ကတော့ သင်ဇာဝင့်ကျော်က သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ မောင်ဖြစ်သူနဲ့အတူ ရိုက်ကူးထားတဲ့ဓာတ်ပုံကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ ပုံထဲမှာတော့ သင်ဇာက အိမ်မှာနေရင်းနဲ့ မောင်ဖြစ်သူကို သူမကိုယ်တိုင် ဆံပင်ညှပ်ပေးနေတာ ဖြစ်ပါတယ် ။
ဒီပုံလေးနဲ့အတူ သင်ဇာက "ခေတ်ကာလမကောင်းတော့လည်း " ဆိုပြီး ဟာသနှောကာ ပြောပြထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သင်ဇာဝင့်ကျော်တို့ မောင်နှမနှစ်ယောက်ရဲ့ပုံလေးကိုကြည့်ပြီး သဘောကျနေကြတာ ဖြစ်ပါတယ် ။ သင်ဇာက မောင်လေးနဲ့အတူ ရိုက်ကူးထားတဲ့ပုံလေးတွေကို ရံဖန်ရံခါမှသာ မျှဝေပေးလေ့ရှိတာ ဖြစ်ပါတယ် ။ မောင်လေးအပေါ်မှာ ဂရုစိုက်ပေးတတ်တဲ့ သင်ဇာက အရင်ကဆိုရင်လည်း မောင်ဖြစ်သူကိုယ်တိုင်ဝင်ရောက်ကစားတဲ့ လက်ဝှေ့ပွဲကို သွားရောက်အားပေးခဲ့သေးတာ ဖြစ်ပါတယ် ။
အခုလိုကာလမှာတော့ သင်ဇာဝင့်ကျော်က အိမ်မှာနေရင်းနဲ့ သူမရဲ့မောင်ဖြစ်သူအတွက် ကိုယ်တိုင်ဆံသဆရာ လုပ်ပေးနေတာ ဖြစ်ပါတယ် ။ ဒါကြောင့် သင်ဇာရဲ့မောင်လေးက "ဒီကာလ ဆံပင်နဲနဲရှည်တာနဲ့မနေတတ်ဘူး။ “သင်ဇာ့ဆံသ အမြန်ကြွ အပြန်လှရမည်” Part 2 ဘက်ဂျက်ဆံသ by ဒေါ် Thin Zar Wint Kyaw ??♂️ ?" ဆိုပြီး ပြောထားတာ ဖြစ်ပါတယ် ။ သင်ဇာဝင့်ကျော်တို့မောင်နှမနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source & Photo Credit-Thinzar Wint Kyaw's FB Acc & Nyi Sat Kyaw's FB Acc