မအူ၀ဲဂျာမနီရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့တာကြောင့် အတိုင်းမသိပျော်ရွှင်ပြီးဂုဏ်ပြုပေးကြတဲ့ အနုပညာရှင်တို့ရဲ့ရင်တွင်းစကားများ - Myanmarload

မအူ၀ဲဂျာမနီရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့တာကြောင့် အတိုင်းမသိပျော်ရွှင်ပြီးဂုဏ်ပြုပေးကြတဲ့ အနုပညာရှင်တို့ရဲ့ရင်တွင်းစကားများ

https://s9.kh1.co/b0/b0bbe20f2a7aee14159395a05f7cb6f92590a775.jpg
အနုပညာရှင်များ
 20-Sep-2021 3pm · a month ago

.

ဒါရိုက်တာ ဏကြီးရိုက်ကူးထားပြီး အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု၊ အောင်မြင့်မြတ်တို့ပါ၀င်သရုပ်ဆောင်ထားတဲ့ "What Happened to the Wolf" ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာ ဂျာမနီနိုင်ငံ၊ Oldenburg မြို့မှာ ကျင်းပပြုလုပ်တဲ့ "Oldenburg International Film Festival " ပွဲမှာ ပြသဖို့ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး  World Premiere အဖြစ်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/9a/9adff7805c1772e2ce4c00f57d9f04c6a8679d92.jpg
Photo credit-Original Uploader
https://s9.kh1.co/__image/w=650,h=650,q=100/a7/a71741d5132b576f1f76b785d52f8f048bfeac88.jpg
Photo credit-Original Uploader

"Oldenburg International Film Festival "ရဲ့ ဆုပေးပွဲမှာတော့ Seymour Cassel Award for Best Performance ဆုအား "What Happened to the Wolf" ရုပ်ရှင်မှ အိန္ဒြာကျော်ဇင်က ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ် ။ အခုလိုအကျဉ်းကျနေပေမယ့် သူမရဲ့ထိမိလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာကပါအသိအမှတ်ပြုလေးစားဂုဏ်ပြု‌ခဲ့တာဖြစ်ပါတယ်.....။

https://s9.kh1.co/__image/w=650,h=905,q=100/db/db0576bb319ad47833aa87efb81f264a540c5873.jpg
Photo credit-Original Uploader
https://s9.kh1.co/__image/w=650,h=1130,q=100/a0/a009193d3d5a7d13b13c7894d5df2b8e33bc9271.jpg
Photo credit-Original Uploader

အနုပညာအသိုင်းအဝိုင်းကသူတွေနဲ့ ပရိသတ်တွေကလည်း အများအပြားဂုဏ်ပြုပေးခဲ့ကြပြီး social mediaမှာလည်း မအူဝဲကိုဂုဏ်ပြုလေးစားကြတဲ့ပို့စ်တွေနဲ့ မိသားစုနဲ့အမြန်ဆုံးဆုံတွေ့နိုင်ဖို့ ဆုတောင်ပေးနေကြတာဖြစ်ပါတယ် ။ မအူဝဲတစ်ယောင်လည်း အမြန်ဆုံးပြန်လည်လွတ်မြောက်ပြီး ချစ်တဲ့အနုပညာတွေကို အကောင်းဆုံးထပ်ပြီးပုံဖော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=1061,q=100/ea/ea9113146b1eb3f8e703c85cfff9bc8d72e2a194.jpg
Photo credit-Original Uploader
https://s9.kh1.co/__image/w=650,h=1093,q=100/d5/d5759a29b73d9b95d81afb332916cddd74cc517a.jpg
Photo credit-Original Uploader

သတင်းအရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်ဆောင်းပါး