တော်လှန်ရေးလက်ဆောင်အဖြစ် ကျားပေါက်ဆီက ပန်းချီကားလက်ဆောင်ရလို့ ပျော်နေတဲ့ မြတ်နိုးအေး - Myanmarload

တော်လှန်ရေးလက်ဆောင်အဖြစ် ကျားပေါက်ဆီက ပန်းချီကားလက်ဆောင်ရလို့ ပျော်နေတဲ့ မြတ်နိုးအေး

https://s9.kh1.co/a9/a934313351bfb7a2474c05e3a0480d8f4b44b27c.jpeg
အနုပညာရှင်များ
 20-Sep-2021 10am · a month ago

..

သရုပ်ဆောင်မင်းသမီးချော မြတ်နိုးအေးကတော့ နွေဦးတော်လှန်ရေးရဲ့ အရေးတော်ပုံကြီးမှာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ကာ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေသူပဲ ဖြစ်ပါတယ်။ အရေးတော်ပုံကြီးမှာ တစ်ထောင့်တနေရာကနေ တတ်နိုင်သလောက် အစွမ်းကုန်ပါဝင်လှုပ်ရှားနေတာကြောင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲမှာ သူမကလည်း တစ်ဦးအပါအဝင်ပါပဲ။ 

https://s9.kh1.co/__image/w=650,h=467,q=100/12/12b55d4c82dc8c224e471beeb483dfd10629060c.jpeg
Photo Credit - Myat Noe Aye'd Fb Acc
https://s9.kh1.co/__image/w=650,h=787,q=100/2e/2ed22fafc69fb29ab5880d76a54f518042ad3768.jpeg
Photo Credit - Myat Noe Aye'd Fb Acc

လက်ရှိမှာလည်း Public Voice ရဲ့ သတင်းလားဂျင်းလား အစီအစဉ်မှာလည်း အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်နေတဲ့ မြတ်နိုးအေးကတော့ သူရဒ့ရဲ့ပျော်စရာအချိန်လေးတွေကို ဝေမျှလာပါတယ်။ သူမရဲ့ Idol တစ်ယောက်ဖြစ်တဲ့ ကျားပေါက်ကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားလေး လက်ဆောင်ရလို့ ပျော်နေတာလေးတွေကို ဝေမျှထားတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=1156,q=100/f7/f7151ea5b0ab9ca6a215d70aafcf8fae080520b0.jpeg
Photo Credit - Myat Noe Aye'd Fb Acc
https://s9.kh1.co/__image/w=650,h=1156,q=100/2a/2aac06ae0cd0b01a9f596e2a0fda5f62fd2d28c6.jpeg
Photo Credit - Myat Noe Aye'd Fb Acc

Raffle ticket challenge ပွဲ မှာတုန်းက အရမ်းလိုချင်နေတာလေးကို တော်လှန်ရေးလက်ဆောင်အဖြစ် ကျားပေါက်က ထပ်ဆွဲပေးထားတာလေးကြောင့် ပျော်နေတာလေးတွေကို ဓာတ်ပုံလေးတွေနဲ့တကွ ပြောပြထားတာ ဖြစ်ပါတယ်။ ပန်းချီကားလက်ဆောင်လေးအတွက်လည်း မြတ်နိုးအေးက ကျေးဇူးတင်စကားဆိုထားသလို ပရိသတ်တွေကလည်း အားကျကာ အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်။ 

https://s9.kh1.co/__image/w=650,h=1156,q=100/12/124c2d25d126fa7e9c0a4751f2ec2b0df35365c5.jpeg
Photo Credit - Myat Noe Aye'd Fb Acc

သတင်းအရင်းအမြစ်Myat Noe Aye'd Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်ဆောင်းပါး