မွေးကင်းစမောင်လေးကိုပွေ့ချီပြီး တစိမ့်စိမ့်ကြည့်ကာ ချစ်မ၀ဖြစ်နေတဲ့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ရဲ့သမီးကြီး Scarlett

//s9.kh1.co/13/13a6eca3840ed4df4b08c86dde3fa72f54819f88.png
အနုပညာရှင်များ

 ၁၉-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

...

မောင်လေးညီမလေးတွေရလို့ပျော်ရွှင်ရတဲ့အခိုက်အတန့်ကို အကိုကြီး အမကြီးတွေပဲသိနိုင်ပါတယ်။ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ဟာ သာယာကြည်နူးတဲ့ မိသားစုဘ၀လေးကို ထူထောင်နိုင်ခဲ့ပြီးလက်ရှိမှာတော့ သားသမီးနှစ်ယောက်ထိပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ သမီးကြီးစကားလက်ဟာ အသက် (၃) နှစ်ကျော်လာခဲ့ပြီးနောက်မှာတော့ မိသားစုရဲ့နောက်ထပ်ဆည်းလည်းလေးဖြစ်တဲ့ သားလေးတစ်ယောက်ဟာ ပျော်စရာတွေနဲ့ ဘ၀ထဲထပ်ပြီးရောက်လာခဲ့ပြန်ပါပြီ။ သမီးလေးကိုရော သားလေးကိုရော ချစ်မ၀တဲ့မေတ္တာတွေနဲ့ ဖေဖေနဲ့မေမေက ပြုစုစောင့်ရှောက်နေခဲ့ပါတယ်။

Photo Credit - Rockstar Ahboy's IG Acc
Photo Credit - Rockstar Ahboy's IG Acc

ဒီနေ့မှာလည်း ဖေဖေအာဘွိုင်းက မမစကားလက်တစ်ယောက် မောင်လေးကိုချီပြီး ချစ်နေတဲ့ အမှတ်တရပုံရိပ်လေးကို လူမှုကွန်ယက်မှာဝေမျှလာခဲ့ပါတယ်။ မောင်လေးကိုတယုတယချီပိုးပြီး တစိမ့်စိမ့်ကြည့်ကာချစ်နေတဲ့ စကားလက်လေးရဲ့ပုံရိပ်ဟာ မြင်သူတိုင်းအတွက်တော့ အသည်းတယားယားဖြစ်ချင်စရာပါပဲ။ ငွေကြေးတွေထက် ချစ်ခြင်းတရားတွေပိုပြီးပေါများတဲ့ မိသားစုဘ၀တွေဟာ ပျော်စရာအကောင်းဆုံးပါပဲ။

Photo Credit - Rockstar Ahboy's IG Acc
Photo Credit - Rockstar Ahboy's IG Acc

သမီးလေးနဲ့သားလေးရဲ့ချစ်စရာအပြုံးလေးတွေဟာ ဖေဖေမေမေတို့အတွက်တော့ ခွန်အားတွေပါပဲ။ ကမ္ဘာပေါ်မှာအအေးချမ်းဆုံးနဲ့ ချစ်စရာအကောင်းဆုံးဟာ သားသမီးတွေရဲ့အပြုံးနဲ့ ရယ်မောသံတွေပါပဲ။ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ ဇနီးမောင်နှံဟာလည်း ပျော်ရွှင်သာယာတဲ့မိသားစုဘဝကို အောင်အောင်မြင်မြင်ထူထောင်နိုင်ခဲ့ပါတယ်။ မမကြီးဖြစ်သွားတဲ့စကားလက်ဟာလည်း မောင်လေးကိုကြည့်ပြီးချစ်မဝဖြစ်နေတဲ့ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Rockstar Ahboy's IG Acc
Photo Credit - Rockstar Ahboy's IG Acc

သတင်း အရင်းအမြစ်Rockstar Ahboy's IG Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T