ပရဟိတ အလုပ်တွေကို လုပ်ဆောင်နေတဲ့ ဝေဠုကျော်ကတော့ လက်ရှိ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ ဝေဠုကျော်ကတော့ ခုလို ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေ အတွက် အခြေခံ စားသောက်ကုန်တွေ ပေးဝေလှူဒါန်းပြီး တတ်နိုင်သလောက် ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်။
အခုလည်း ကိုဗစ်ရောဂါကူးစက်ခံထားရကာ အောက်ဆီဂျင်တွေ ကျနေတဲ့ အသက် (၆၀) အရွယ် အဖိုးတစ်ဦးကို လိုအပ်တာများ သွားရောက် ကူညီပေးခဲ့ပါတယ် ။ အဖိုးက ရောဂါစခံစားရတုန်းကအောက်ဆီဂျင် ၅၀အောက်ထိကျကာ အသိစိတ်ပါ မရှိတော့တဲ့ အထိ ဖြစ်ခဲ့တာကြောင့် အောက်ဆီဂျင်မရရအောင် ရှာပေးခဲ့တယ်လို့ ဆိုပါတယ် ။
ကံကောင်းစွာ ကိုဗစ်ရဲ့ အဆိုးဆုံး အချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး တဖြည်းဖြည်း အောက်ဆီဂျင်ပြန်တက်လာတယ်လို့ သိရပါတယ် ။ ဒါပေမယ့် အောက်ဆီဂျင်တော့ ထောက်ပံပေးနေရသလို လူနာက မထိုင်နိုင်သေးဘူးလို့ ဆိုပါတယ် ။ အဖိုးက နှလုံးရောဂါ အခံရှိပြီး သားသမီးလည်း မရှိတာကြောင့် ဝေဠုကျော်က လိုအပ်တာ အဝဝကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့လည်း ရေးသားထားပါတယ် ။ ဒီသတင်းကို ဝေမျှပေးရင်း အဖိုး အမြန်သက်သာပါစေ ဆုတောင်းပေးလိုက်ပါတယ် ။