အခုတလော နာမည်ကြီးနေတဲ့ My Ambulance ထိုင်းရုပ်ရှင်ကားထဲက ချလမ်လေးက မြန်မာပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။ ချလမ်လေးရဲ့ အကြောင်းကို စိတ်ဝင်စားနေတဲ့ သူတွေအတွက် ပြောပြပေးပါ့မယ်။
ချလမ်လို့ လူသိများတဲ့ Sky Wongravee ရဲ့ ဇာတိကတော့ ထိုင်းနိုင်ငံ Ranong မြို့ဖြစ်တာကြောင့် ထိုင်းလူမျိုးစစ်စစ် တစ်ယောက်ပါ။ June လ 6 ရက် 1998 မှာ မွေးတာကြောင့် ချလမ်လေးဟာ အခုဆို (23) နှစ် ပြည့်ပြီးပါပြီ။ လက်ရှိမှာတော့ Single လေးပါ ။
2014 ခုနှစ်က "Hormones The Next Gen” Project ကနေ အနုပညာလမ်းကြောင်းပေါ် စတင်ရောက်ရှိခဲ့တာပါ။ 2015 ခုနှစ်မှာတော့ Horror Movie ဖြစ်တဲ့ "Thir Teen Terrors" မှာ Pala ဆိုတဲ့ character နဲ့ အောင်မြင်မှုကို စတင်ရလာခဲ့ပါတယ်။
Sky Wongravee ဆိုတဲ့ ကောင်လေးက သရုပ်ဆောင်တာအပြင် Runaway မော်ဒယ်တစ်ယောက်လဲ ဖြစ်ပါသေးတယ်။ ဖက်ရှင်နဲ့ ပတ်သက်လာရင်တော့ Skyရဲ့ ပင်ကိုယ် Styleကိုက ပေါ့ပေါ့ပါးပါးရှိပြီး သူ့ရဲ့ဖက်ရှင်တွေကလည်း Youth vibeအပြည့်နဲ့ ဆယ်ကျော်သက်လူငယ်ကောင်လေးတွေ အကြိုက်ပုံစံမျိုးတွေဖြစ်ပါတယ်။ သဘောကျမိဆုံးအချက်က Tee တွေကို Trousers pant , Jean pant တွေနဲ့တွဲစပ်ပြီး ပုံစံမျိုးစုံနဲ့ ဝတ်ပြတတ်တာပါ။ ပြီးတော့ Sky က Beanie , Bucket , Ivy cap လို လူငယ်ဆန်ဆန် ဦးထုပ်တွေကို သူ့ပင်ကိုယ်ဟန်ဖြစ်အောင် ဝတ်လေ့ရှိပြီး Sunglass , Bag အစရှိတဲ့ Accessoriesတွေရဲ့ အကူညီကို ရယူပြီး သူ့ Outfitတွေကို upgrade လုပ်လေ့ ရှိပါသေးတယ်။
"My Ambulance" ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ပြီးနောက် မြန်မာပရိတ်သတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။