CL ဆိုတာနဲ့ 90's born တွေရဲ့ အချစ်တော် ဆိုတာသိကြမှာပါနော်။သူမဟာ ခပ်မိုက်မိုက် Rap ကြမ်းကြမ်းတွေသီဆိုတဲ့ 2NE1 member ဆိုတာ ပရိတ်သတ်အားလုံးကသိကြပါတယ်။2NE1 အဖွဲ့နဲ့ အတူ သီချင်းပေါင်းများစွာ ထွက်ရှိခဲ့တာဖြစ်ပြီး သူမရဲ့ Rap စာသားတွေ နဲ့ ထူးခြားလွန်းတဲ့ Fashion တွေကြောင့် သြချရလောက်တဲ့ ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူ queen ပဲဖြစ်ပါတယ်။
2NE1 အဖွဲ့ ဖျက်သိမ်းပြီးနောက်မှာတော့ သူမဟာ အတော်အသင့်ကြာအောင်အနားယူလိုက်ပါသေးတယ်။အနားယူပြီးနောက် သိပ်မကြာခင်က ကာလက သူမရဲ့ Single MV ဖြစ်တဲ့ Hello Bitches ဆိုတဲ့ သီချင်းထွက်ရှိလာပါတယ်။Kpopလောကရဲ့ Queen ဆိုတဲ့အတိုင်း ပရိတ်သတ်ရဲ့ အားပေးမှုကတော့ အံ့မခန်းစံချိန်တင်ခဲ့ရတဲ့အထိပါပဲ။
ခုလည်း Newyork မှာပြုလုပ်တဲ့ Met Gala ပွဲကို CL နဲ့ ROSÉတို့ဟာ သမိုင်းတစ်လျှောက် ပထမဆုံး Korean Female Artist တွေအနေနဲ့တက်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။တကယ့်ကို Kpop Queen ဆိုတဲ့အတိုင်း သူမရဲ့ ဖက်ရှင်အမိုက်စားတွေနဲ့ မိမိုက်လှပနေတာကိုတွေ့ရမှာပါ။သူမရဲ့ Hair Style ကတော့ ကိုးရီးယားရိုးရာ၀တ်စုံ hanbok ကို Inspired ယူထားတာဖြစ်ပြီး ဆံပင်ပုံစံက ရှေးခတ်ကိုးရီးယား နန်းတွင်း ဘုရင်မတွေရဲ့ဆံပင်ပုံစံဖြစ်ပါတယ်။ဘယ်လိုတောင် လှပနေလဲဆိုတာတော့ ပုံလေးတွေကြည့်ရှုခံစားပေးပါဦးနော်။