သရုပ်ဆောင် အကယ်ဒမီမင်းသမီးချော ဖြစ်တဲ့ နန္ဒာလှိုင်ကတော့ လတ်တလောမှာ ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ကာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ နန္ဒာလှိုင်ဟာ ပင်လုံဆေးရုံမှာ တက်ရောကုသမှုခံယူနေတာဖြစ်ပြီး ခင်ပွန်းဖြစ်သူက အနားမှာ ဂရုတစိုက်ပြုစု စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။
ဆေးကုသမှုခံယူနေရတဲ့ နန္ဒာလှိုင်ရဲ့အကြောင်းကိုတော့ ခင်ပွန်းဖြစ်သူ ဦးဇေသီဟက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ဓာတ်ပုံတွေနဲ့အတူ အသိပေးပြောပြထားတာ ဖြစ်ပါတယ်။ သူမရဲ့ လတ်တလော ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး အားလုံးက စိတ်ပူစွာနဲ့မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားထားခြင်းတော့ မရှိသေးပါဘူး။
ဦးဇေသီဟကတော့ ဇနီးဖြစ်သူ ဆေးရုံတက်နေရတဲ့အကြောင်းတွေအပြင် သူ့အနေနဲ့ ကိုဗစ်ရောဂါရှိ မရှိစစ်ဆေးထားတာကိုလည်း အသိပေးဝေမျှထားတာ တွေ့ရပါတယ်။
ဒီကနေ့မှာတော့ သမီးလေးတွေရဲ့မေမေ အမြန်ဆုံးပြန်လည်နေကောင်းကျန်းမာလာစေဖို့ ချစ်ရတဲ့ပရိသတ်တွေနဲ့အတူ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ Zay Thiha's Fb Acc