ထိုင်းနိုင်ငံရဲ့ နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Taew Natapohn ကတော့ ထိုင်း Drama စီးရီးအများအပြားမှာ ပါဝင်သရုပ်ဆောင်ထားတာကြောင့် လူသိများပြီး အောင်မြင်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။Taew ကိုမြန်မာပြည်ကပရိသတ်တွေကလည်းချစ်ကြလို့ သူမရဲ့ဇာတ်ကားတွေကိုဆိုရင် အားပေးကြည့်ရှု့ကြပါတယ်။Taew ကို (၁၉၈၉)ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်လို့ အခုဆိုရင် သူမရဲ့အသက်က ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။
အသက် (၃၂)နှစ်အရွယ်ရှိနေပေမယ့်လည်း Taew ကတော့ ဖက်ရှင်ကျကျဝတ်ဆင်တတ်ပြီး Gym လည်းအမြဲဆော့ကစားတာကြောင့် နုငယ်ပျိုမျစ်လှပနေတာပဲဖြစ်ပါတယ်။Taew က ထိုင်းတရုတ် ကပြားမင်းသမီးတစ်ဦးဖြစ်ပြီးကြော်ငြာတွေရိုက်ကူးရင်း နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။သူမရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့ Game Sanaeha , Neung Dao Fah Diew,Rak Nakara, Lom Son Ruk,Mist of Love စတာတွေပဲဖြစ်ပါတယ်။လတ်တလောမှာဆိုရင်လည်း Taew က အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်လျက်ရှိပါတယ်။
ဒါ့အပြင် ထိုင်းသူလေး Lisa ရဲ့ "LALISA" MV ကို Taew က အားပေးကြည့်ရှုထားတာဖြစ်ပါတယ်။Lisa လေးရဲ့အကတွေကို တစ်ရက်တောင်မပြည့်သေးဘဲ Cover အနေနဲ့ ပြန်ကပြလိုက်တာကြောင့် ထိုင်းမီဒီယာတွေမှာပါချီးကျူးနေကြတာဖြစ်ပါတယ်။ဒီလိုမျိုး အမိုက်စားကကွက်တွေကို ချစ်စရာပုံစံလေးနဲ့ ကပြခဲ့တဲ့ Taew ကို Tik Tok မင်းသမီးနာမည်နဲ့ထိုက်တန်တယ်၊အရမ်းတော်တယ်ဆိုပြီး ချီးကျူးနေကြတာကြောင့် ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Photo Credit:Taew Natapohn’s IG acc
Source&Video Credit:Taew Natapohn Channel