မင်းမော်ကွန်းကတော့ လူထုလှုပ်ရှူးမှုတွေမှာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ပေးခဲ့တဲ့ ပြည်သူချစ် သရုပ်ဆောင် မင်းသားတစ်ဦး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း လွတ်မြောက်နယ်မြေတစ်နေရာသို့ ရောက်ရှိနေပြီး တော်လှန်ရေးတိုက်ပွဲများအတွက် ကျရာအခန်းကဏ္ဍကနေ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနေတာကိုလည်း အားတက်ဖွယ် မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။


မကြာသေးခင် နာရီပိုင်းလောက်ကလည်း မင်းမောိကွန်းရဲ့ လူမှုကွန်ယက်တွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ အခုချိန်ထိ သွေးမအေးသွားဘဲ ပန်းတိုင်ကိုရောက်အောင် လျှောက်လှမ်းနေဆဲဖြစ်ကြောင်း ပြည်သူတွေကို အသိပေးလိုက်တာ ဖြစ်ပါတယ်။ မင်းမော်ကွန်းကတော့ ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့စဉ်တုန်းက ဒါရိုက်တာကိုပေါက်တို့နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးကို အမှတ်တရအနေနဲ့ ပြန်လည် ဝေမျှပေးလာတာ ဖြစ်ပါတယ်။


သူကလည်း အခုထိသွေးမအေးဘဲ ပွက်ပွက်ဆူနေဆဲဖြစ်ကြောင်းနဲ့ ဘယ်တော့မှ နောက်မဆုတ်ဘဲ အဆုံးထိလျှောက်လှမ်းမှာဖြစ်ကြောင်း ကတိပေးလိုက်တာ ဖြစ်ပါတယ်။ မင်းမော်ကွန်းရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ပရိသတ်တွေက လေးစားပြီးရင်း လေးစားနေကြတာ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေကြသူများအားလုံး ဘေးရန်ကင်းကွာပြီး အဆင်ပြေကြပါစေလို့ ဆုတောင်းရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account

