သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ခိုကိုးရာမဲ့နေတဲ့ ကလေးငယ်များအား ဂေဟာတွင် ခေါ်ယူစောင့်ရှောက်ပေးနေတဲ့ပရဟိတမင်းသမီးတစ်ဦး ဖြစ်ပါတယ်။ ကလေးတွေအပေါ်မှာလည်း မိခင်ရင်းသဖွယ် ပြုစုစောင့်ရှောက်ပေးနေတာကြောင့် ပရိသတ်တွေအားလုံးက ခိုင်နှင်းဝေရဲ့ မေတ္တာတရားကြီးမားပုံကို ချီးကျူးနေကြတာ ဖြစ်ပါတယ်။ ကလေးတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း လိုအပ်သလို ဆောင်ရွက်ပေးနေပြီး သူတို့နဲ့ပတ်သက်တဲ့အကြောင်းလေးတွေကို သူမရဲ့လူမှုကွန်ယက်မှတစ်ဆင့် ဝေမျှပေးနေတာ ဖြစ်ပါတယ်။


မကြာသေးခင် နာရီပိုင်းလောက်က ခိုင်နှင်းဝေရဲ့ Facebook Page တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ဒါကတော့ အလုပ်တွေရှုပ်နေတဲ့ကြားက ကလေးတွေအတွက် သီးသန့်အချိန်ပေးပြီး အတူဆော့ကစားနေတဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးထားတာ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ သီချင်းလေးဖွင့်ပြီး သူမရဲ့သားသမီးတွေနဲ့အတူပျော်ရွှင်စွာ ပြေးလွှားကစားနေကြတာကိုလည်း ဗီဒီယိုလေးထဲမှာ ကြည်နူးဖွယ် မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။


ရတဲ့အချိန်လေးမှာ ကလေးတွေကို အချိန်ပေးပြီး အလေးထားပေးနေတာကို မြင်တွေ့ရသူတိုင်း တကယ်ကို စိတ်ချမ်းသာစေမှာ အသေအချာ ဖြစ်ပါတယ်။ အမြို့မြို့အနယ်နယ်တွင် စွန့်ပစ်ခံထားရတဲ့ ကလေးများအား သူမဂေဟာမှာ လက်ခံပေးဖို့ ဆက်သွယ်သူတိုင်းကိုလည်း သေချာစီစစ်ပြီး လက်ခံပေးနေတာ ဖြစ်ပါတယ်။ မေမေခိုင်နှင်းဝေတစ်ယောက် ချစ်ရတဲ့ သားသမီးတွေနဲ့ အမြဲပျော်ရွှင်စွာနေထိုင်ပြီး ပရဟိတအလုပ်တွေ ဒီ့ထက်မဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Khine Hnin Wai’s Facebook Page