စွယ်စုံရအနုပညာရှင်ကြီး မောင်မိုးသူ (ဘကြီးမိုး)(၁၉၃၇-၂၀၂၁)ဟာ မနေ့က စက်တင်ဘာလ ၁ရက်၊ ည၆နာရီ ၅၁မိနစ်က ကွယ်လွန်အနိစ္စရောက်သွားကြောင်း ကြားသိရတဲ့အတွက် Myanmarload မိသားစုမှကျန်ရစ်သူမိသားစုများနှင့်ထပ်တူ၀မ်းနည်းကြောင်းဖော်ပြလိုပါတယ်။ ဆရာကြီးသည် မြန်မာသံတော်ဆင့်ပင်တိုင်ဆောင်းပါးရှင်၊ ဒါရိုက်တာ၊ နာမည်ကျော် ဘာသာပြန် စာရေးဆရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ရာတွင် ရှေ့တန်းမှ ပါဝင်သူတစ်ဦးလည်းဖြစ်ပါတယ်။

အခုကွယ်လွန်ချိန်မှာတော့ အသက်၈၄နှစ်ရှိပြီဖြစ်တဲ့ စွယ်စုံရအနုပညာရှင်ဘကြီးမိုး (မောင်မိုးသူ)ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့တာတွေကြောင့်
ခေတ်အဆက်ဆက် ထောင်ဒါဏ်ချမှတ်ခံခဲ့ရတဲ့ နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်ပါတယ်။
ဆရာခက်ဇော်ကတောင်သူ့ facebook acc မှာဆရာကြီးနဲ့ ပတ်သက်ပြီးအမှတ်တရအဖြစ်ပျက်လေးတစ်ခုရေးသားခဲ့ပါသေးတယ်။

"သူ့တိုက်ခန်းလေးဆီ ကိုမြေမှုန်လွင် နဲ့ ကျွန်တော်ရောက်သွားကြတော့.. လက်ဆောင်ရထားတဲ့ အရက်ပုလင်းသေးသေးလေးတွေ .. ထုတ်တိုက်တယ်။
"ဘကြီးမိုး အရက်ကလည်း သစ်ရွက်တွေကို ချေပြီး ပရုတ်ဆီနဲ့ ဖျော်ထားသလိုပဲ" ဆိုတော့ နှုတ်ခမ်းမွှေးကြီး ထောင်နေအောင်ရယ်တယ်...
"ငါက အရက်ကြိုက်တယ်..ဒါပေမယ့် မသေဘူးကွ.. ဘာလို့ မသေလည်းဆိုတော့ စစ်တပ်က နိုင်ငံရေးမှုနဲ့ ထောင်ထဲ နှစ်ရှည်ချထားတော့..အဲ့ဒီနှစ်ေတွမှာ မသောက်ရဘူးလေကွာ..ထောင်ကထွက်တော့..ကိုယ့်လို အရက်ကြိုက်တဲ့ ရွယ်တူတွေက သေကုန်ပြီ" သူ့စကားမှာ ကျွန်တော်တို့လည်း ရယ်ကြ။
အဲ့ဒီတခါက နောက်ဆုံးအကြိမ် စကားပြောဖြစ်ကြခြင်းပဲ၊မသိတာရှိရင် လှမ်းလှမ်းမေးနေကျ..သက်ရှိအနုပညာသမိုင်းစာအုပ်ကြီး...
ဘကြီးမိုးရေ.... ဒီနှစ်ပိုင်းတွေက အုံ့မှိုင်းလွန်းတယ်" လို့ရေးသားထားပါတယ်။

သတင်း အရင်းအမြစ်៖ Khet Zaw Facebook acc