ရင်ခွင်မဲ့ကလေးတွေအ‌ပေါ်မှာလည်း တစ်ယောက်မကျန် မိဘအရင်းပမာဂရုစိုက်နွေးထွေးမှုအပြည့်ပေးနေတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/a7/a7f2341de631c7755c332496318acfe3888aa9b4.jpg
အနုပညာရှင်များ

 ၃၀-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၅ နှစ် က

.

ပရဟိတအလုပ်တွေနဲ့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို များစွာရရှိထားတဲ့ ခိုင်နှင်းဝေကတော့ လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ ခိုင်နှင်း‌ဝေဟာ လတ်တလောပြည်သူတွေကြုံတွေ့နေရတဲ့ အောက်ဆီဂျင်အခက်အခဲတွေ၊ စား၀တ်နေရေးအခက်အခဲတွေနဲ့ ရေဘေးသင့်အခက်အခဲတွေကိုပါ စိတ်အားတက်ကြွစွာနဲ့ပါ၀င် ကူညီပေးနေတဲ့အပြင် မိဘမဲ့ဂေဟာကိုလည်းဦးစီးကာ ရင်ခွင်မဲ့ ကလေးလေးတွေအတွက် မိဘပမာစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။

Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc

ခိုင်နှင်းဝေရဲ့ မိဘမဲ့ဂေဟာလေးဟာ တဖြည်းဖြည်းနဲ့ ကလေးလေးတွေများလာနေပြီး စွန့်ပစ်ခံထားရတဲ့ကလေးလေးတွေကို ကိုယ်တိုင်ခေါ်ယူမွေးစားကာ အစားအသောက်၊ အနေအထိုင်၊ အ၀တ်အစားတွေကအစ ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်မှုပေးနေတဲ့ ဂေဟာလေးဖြစ်ပါတယ် ။ ကလေးငယ်လေးတွေဟာလည်း အရမ်းလိမ္မာကြပြီး ခိုင်နှင်းဝေကလည်း ကလေးတစ်ယောက်စီတိုင်းကို မိခင်အရင်းပမာ ဂရုစိုက်ကြင်နာတဲ့သူဖြစ်ပါတယ်။

Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc

ခိုင်နှင်းဝေဟာ မကြာခဏဆိုသလိုလည်း ကလေးငယ်လေးတွေရဲ့ချစ်စရာပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို ဝေမျှပေးလေ့ရှိသူပါ။ အခုအခါမှာဆိုရင်လည်း ကလေးငယ်လေးတွေဟာ အင်္ကျီသစ်လေးတွေ၀တ်ကြရင်း ပျော်ရွှင်နေကြတာကို ခိုင်နှင်းဝေက သူမရဲ့ Facebookစာမျက်နှာမှာ မျှဝေလာခဲ့တာဖြစ်ပါတယ် ။

Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc

သတင်း အရင်းအမြစ် Khine Hnin Wai's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T