အနုပညာအလုပ်တွေထက် လူမှုရေးအကျိုးပြုပရဟိတလုပ်ငန်းတွေကို စိတ်ရောကိုယ်ပါလုပ်ကိုင်နေတဲ့ ဝေဠုကျော်ကိုတော့ ပြည်သူတွေက အမြဲလေးစားနေရတာဖြစ်ပါတယ်။ ဝေဠုကျော်ရဲ့ ပရဟိတလုပ်ငန်းတွေကတော့ အခက်အခဲဖြစ်နေတဲ့ ဘယ်နေရာဒေသမဆို (၇)ရက်သားသမီးတွေရဲ့ လှူဒါန်းပေးမှုဖြင့် ကိုယ်စား သွားရောက်လှူဒါန်းပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါကူးစက်မြင်တက်ခဲ့တဲ့ အချိန်ကာလတွေမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ရှေ့တန်းကနေ နေ့မနားညမနား လုပ်ဆောင်ပေးခဲ့သလို လိုအပ်တဲ့ အောက်ဆီဂျင်များကိုလည်း လှူဒါန်းပေးခဲ့ပါတယ်။

ယခုမှာလည်း ဝေဠုကျော်က ပရိသတ်တွေကြည်နူးဝမ်းမြောက်စေမယ့် အလှူလေးတစ်ခုပြုလုပ်ပေးခဲ့တာကို ဖော်ပြလာခဲ့ပါတယ်။ ဒီတစ်ခါကတော့ ရန်ကုန်မြို့ ၊သာကေတ(၂) မြောက် ရပ်ကွက်၊ ထူပါရုံ (၂၁) လမ်းမှာနေထိုင်တဲ့ အခက်အခဲဖြစ်နေတဲ့ သားအမိ(၃)ယောက်အား သွားရောက် ကူညီလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါ မိသားစုမှာ မိခင်ကြီးဖြစ်သူက အသက်(၉၄)နှစ်ရှိပြီး သားဖြစ်သူဟာ မကြာသေးခင်က ခြေထောက်တစ်ဖက်ဖြတ်ထားရသလို အသက် (၆၀)နှစ်ရှိတဲ့ သမီးက မျက်စိကွယ်သွားခဲ့လို့ အလှူရှင်များရဲ့ လှူဒါန်းမှုဖြင့် ခွဲစိတ်နေရကြောင်း သိရပါတယ်။


လက်ရှိမှာ စားသောက်ရေးနဲ့ ဆေးဝါးကုသဖို့ အဆင်မပြေနေတာကြောင့် ဝေဠုကျော်က အဆိုပါမိသားစုအတွက် ဆန် ၊ ဆီ ၊ကြက်ဥ နဲ့ ကျန်းမာရေးသုံး mask ၊လက်သန့်ဆေးအပြင် အဝတ်အစားတချို့လည်း လှူဒါန်းပေးခဲ့ကြောင်း သူ့ရဲ့ လူမှုကွန်ယက်မှာ ဖော်ပြတာတွေ့ရပါတယ်။ သားအမိ(၃)ယောက်လုံး အသီးသီး ကျန်းမာရေးချို့တဲ့ပြီး စားသောက်ရေးအတွက် အဆင်မပြေတာကို ယခုလို သွားရောက်လှူဒါန်းပေးတာကတော့ တကယ့်ကို မွန်မြတ်လှပါတယ်။ပရိသတ်တွေကလည်း မွန်မြတ်တဲ့ အလှူလေးကို ထပ်မံပြုလုပ်ခဲ့တဲ့ ဝေဠုကျော်ကို ဒီထက်မကလှူဒါန်းနိုင်အောင် ဆုမွန်ကောင်း တောင်းပေးလိုက်ပါဦးနော်။

သတင်း အရင်းအမြစ်៖ Source - Wai Lu Kyaw





