တတိယလှိုင်း Covid 19 ကပ်ရောဂါဆိုးကြီးရဲ့ ဖိစီးနှိပ့်စက်မှုကြောင့် ပြည်သူတွေနဲ့ နယ်ပယ်အသီးသီးက အနုပညာရှင်တွေများစွာ ကြွေလွင့်ခဲ့ကြရပြီး လက်ရှိမှာ ဆေးကုသမှုခံယူနေကြတာတွေလည်း ရှိနေပါတယ်..။
အခုတစ်ခါမှာ ဇာတ်ပို့သရုပ်ဆောင် ဒေါ်သန်းသန်းဆင့်ဟာ ကိုဗစ်ရောဂါကူးစက်ခံစားနေရပြီး ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်..။

ဒေါ်သန်းသန်းဆင့်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက ရောဂါကူးစက်ခံရတာဖြစ်ပြီး သူမရဲ့လက်ရှိကျန်းမာရေး အခြေအနေတွေကို သားဖြစ်သူက အသိပေးပြောပြလာတာ ဖြစ်ပါတယ်..။
ရောဂါကိုအတတ်နိုင်ဆုံး ကြိုးစားတိုက်ထုတ်နေတဲ့ ဒေါ်သန်းသန်းဆင့်ဟာ လတ်တလောမှာတော့ ရောဂါအရှင်းမပျောက်ကင်းသေးပေမယ့် သက်သာလာပြီဖြစ်တာကြောင့် ဆေးရုံကပြန်ဆင်းပြီး အိမ်မှာပဲအောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ ဆေးကုသမှုခံယူနေတာ ဖြစ်ပါတယ်..။


ဒေါ်သန်းသန်းဆင့်ကတော့ သူမရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး အားလုံးစိတ်ပူကြမှာစိုးတာကြောင့် ဘယ်သူ့ကိုမှ မပြောခိုင်းတာဖြစ်တယ်လို့ ဆိုပါတယ်..။
ဆေးရုံတက်နေစဉ်အတွင်း မောနေလို့ မိခင်ဖြစ်သူဖုန်းမပြောနိုင်တဲ့အတွက် စက်ပိတ်ထားရပြီး ဖုန်းဆက်သွယ်လို့ မရသူတွေကိုလည်း တောင်းပန်စကားဆိုထားသလို လတ်တလောမှာ ရန်ကုန်မှာမဟုတ်သေးဘဲ တာချီလိတ်မှာပဲ ရှိနေတဲ့အတွက် အရေးကြီးကိစ္စရှိရင် သူ့ဖုန်းကိုပဲ ဆက်သွယ်ပေးကြဖို့ သားဖြစ်သူက ပြောထားတာ ဖြစ်ပါတယ်..။






