အရေးတော်ပုံကြီးအောင်မြင်ရေးမှာ မြန်မာနိုင်ငံရဲ့ အလွှာပေါင်းစုံ၊ နေရာပေါင်းစုံကလူငယ်တွေဟာ ဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် အားတက်သရောကြိုးစားနေကြတာဖြစ်ပါတယ်။ တစ်ဆထက်တစ်ဆဆိုးရွားလာတဲ့ အခြေအနေတွေအရ လူငယ်အတော်များများဟာ လွတ်မြောက်နယ်မြေဒေသတွေမှာ စစ်ပညာသင်ယူနေကြပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အနေနဲ့ခံယူကာ ကြိုးစားလေ့ကျင့်နေကြတာ ဖြစ်ပါတယ် ။


အနုပညာရှင်တွေအတော်များများလည်း ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူခံရပြီး ဖမ်းဆီးခံထားရတဲ့အနုပညာရှင်တွေလည်း များစွာရှိနေတာပါ ။ အခုလိုအခြေအနေအမျိုးမျိုးကြောင့် လွတ်မြောက်နယ်မြေရောက်ရှိသွားကြတဲ့ အနုပညာရှင်တွေလည်းများစွာရှိလာနေပြီး တက်သစ်စလူငယ်အဆိုတော်လေး JohnDerekလည်း အပါအ၀င်ဖြစ်ပါတယ် ။


JohnDerek ဟာ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကို ကိုယ်တိုင်ဖန်တီးသီဆိုတတ်တာကြောင့် လူငယ်တွေကြားမှာ ရေပန်းစားတဲ့ အဆိုရှင်တစ်ဦးပါ။ သူဟာ လက်ရှိမှာဆိုရင် လွတ်မြောက်နယ်မြေကိုရောက်ရှိနေပြီး အခက်အခဲဒုက္ခတွေကြားကနေ စစ်ပညာသင်ယူနေတာဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။


သတင်း အရင်းအမြစ်៖ JohnDerek's Facebook page