ထူးအယ်လင်းရဲ့ အစ်မဟာ ၂၇.၃.၂၀၂၁ ခုနှစ်တွင် နေအိမ်တွင် ပစ်ခတ်ခံရပြီး ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ထူးအယ်လင်းကတော့ ဘဝတစ်ပါးသို ကူးပြောင်းသွားပြီဖြစ်တဲ့ အစ်မအတွက် တတ်နိုင်သလောက် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းကလည်း သူ့ရဲ့ လူမှုကွန်ယက်တွင်ကွယ်လွန်သွားတာ ငါးလရှိပြီဖြစ်တဲ့ အစ်မကို တစ်နေ့မှ မေ့မရဘဲ သတိရနေကြောင်း ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။


အစ်မဖြစ်သူကို သတိရတိုင်း ကုသိုလ်ကောင်းမှုတွေ အမြဲလုပ်ပေးနေပြီး ရောက်လေရာဘဝမှာ အေးချမ်းစွာအနားယူပြီး အမျှဝေနိုင်အောင် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ မောင်နှမတွေထဲက အစ်မ ထွက်ခွာသွားသည်မှာ ငါးလပြည့်ခဲ့ပြီဖြစ်ပြီး ရောက်လေရာဘဝမှာ အေးချမ်းသာယာနိုင်ပါစေလို့ ထူးအယ်လင်းမှ မေတ္တာပို့သပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးရုံဆင်းပြီးကတည်းက အကျဉ်းထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့အစ်ကိုကြီးလည်း အဆင်ပြေပါစေလို့ ဆုတောင်းပေးနေတာ ဖြစ်ပါတယ်။


ပရိသတ်တွေကလည်း မိသားစုဝင်တစ်ဦး ဆုံးရှုံးထားရတဲ့ ထူးအယ်လင်းအတွက် စိတ်မကောင်းဖြစ်နေကြောင်းcomment များတွင် ရေးသားထားတာကို မြင်တွေ့ရပါတယ်။ ထူးအယ်လင်းကတော့ လက်ရှိမှာ နေရာဒေသအနှံ့အပြားကို သွားရောက်ပြီး အကူအညီလိုအပ်နေသူတိုင်းကို တတ်နိုင်သလောက် ကူညီပေးနေတာ ဖြစ်ပါတယ်။ ပြုလုပ်ပေးနေတဲ့ ကောင်းမှုကုသိုလ်တွေကို ထူးအယ်လင်းရဲ့ အစ်မလည်း ရောက်ရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Htoo El Lynn’s Facebook Account

