လူရွှင်တော်မိုးစက်ဟာ လတ်တလောမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ အနုပညာသမားတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာကြောင့် ပရိသတ်အားပေးချစ်ခင်နေကြတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။ မိုးစက်ဟာ ကိုယ်တိုင်လည်းရရှိတဲ့အနုပညာကြေးလေးတွေစုပေါင်းပြီး လှူဒါန်းသလို အများစုပေါင်းအလှူတွေမှာလည်း လုပ်အားဒါနတွေကူညီလေ့ရှိသူပါ ။

အခုလာမယ့် ၉.၉.၂၀၂၁ရက်နေ့မှာဆိုရင်လည်း သက်ကြီးလူရွှင်တော်ကန်တော့ပွဲအတွက် မိုးစက်ဟာ လှူဒါန်းမှုလေးတွေပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုလိုလှူဒါန်းနိုင်ဖို့အတွက် မိုးစက်ဟာ ဝါရင့်လူရွှင်တော်ကြီးဦးမိုးဒီကို အကူအညီတောင်းကာ နှစ်ယောက်အတူဗီဒီယိုလေးရိုက်ရင်း အကူအညီတောင်းခံခဲ့တာဖြစ်ပါတယ် ။ ဦးမိုးဒီကိုယ်တိုင်လည်း အလှူရှင်တွေကို အမှာစကားလေးပြောရင်း အကူအညီတောင်းခံထားတာကို တွေ့ရပါတယ် ။


ဟာသလူရွှင်တော်ကြီးတွေခမျာလည်း စီးပွားရေးကြပ်တည်းအဆင်မပြေမှုတွေများစွာရှိနေတာကို တွေ့ရပါတယ် ။ ဒါကြောင့် မိုးစက်ဟာ တတ်နိုင်သရွေ့ကူညီဆောင်ရွက်နေပြီး ဦးမိုးဒီကိုလည်း ဂါရ၀ပြုကာ လူရွှင်တော်ကြီးတွေအတွက် စပ်ဆိုထားတဲ့သီချင်းလေးကိုလည်း ဆိုပြခဲ့တာကြောင့် ဦးမိုးဒီတစ်ယောက် ၀မ်းနည်း၀မ်းသာဖြစ်ခဲ့ရတာပါ ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

သတင်း အရင်းအမြစ်៖ Moe Sat's Facebook acc





