ဟာသ လူရွှင်တော် မိုးစက်ကိုကတော့ လတ်တလောမှာ လူမှုရေးအကျိုးပြုပရဟိတလုပ်ငန်းတွေကို စိတ်အားထက်သန်စွာ လုပ်ဆောင်နေတာတွေ့ မြင်ရပါတယ်။ ဒီချိန်ကာလတွေမှာ သာမာန်ပြည်သူတွေအပြင် အလွှာအသီးသီးက အနုပညာသမားတချို့ပါ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်လာခဲ့ပါတယ်။လူရွှင်တော် မိုးစက်ကတော့ ယခုလိုမျိုး ခက်ခဲနေတဲ့ သူတွေအတွက် သူ့ရဲ့အနုပညာကြေးနဲ့အပြင် စေတနာရှင်များရဲ့ ထည့်ဝင်လှူဒါန်းပေးမှုများဖြင့် ကူညီထောက်ပံ့ လှူဒါန်းပေးတာဖြစ်ပါတယ်။


သူ့ရဲ့ လှူဒါန်းမှုအစုစုတို့ကိုလည်း ပရိသတ်တွေ ထပ်တူ သာဓုခေါ်ဆိုနိုင်အောင် လူမှုကွန်ယက် ပြန်လည်ဖော်ပြပေးတာ တွေ့ရပါတယ်။ ယခုမှာလည်း လူရွှင်တော် မိုးစက်က သူ့ရဲ့ အနုပညာကြေးနဲ့ မွန်မြတ်တဲ့ ကောင်းမှုကုသိုလ်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ဟာသလူရွှင်တော်ကြီးရေဒီယို ဦးမန်းကျော်ကို သွားရောက်ဂါဝရပြု ကန်တော့ရင်း အလှူငွေ(၁)သိန်းကျပ် လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေကို အမြဲပျော်ရွှင်အောင်လုပ်ပေးတဲ့
ဟာသလူရွှင်တော်ကြီး ရေဒီယို ဦးမန်းကျော်ဟာ အသက် (၈၀)နှစ်ရှိပြီး လက်ရှိမှာ ကျန်းမာရေးချို့တဲ့နေတာ ဖြစ်ပါတယ်။ ဒီလို ဝါရင့်ဆရာသမားတစ်ယောက် ကျန်းမာရေးချို့တဲ့နေတာကြောင့် အနုပညာကြေးလေးနဲ့ တတ်နိုင်သလောက် ကူညီထောက်ပံ့လှူဒါန်းပေးတာကတော့ လေးစားစရာကောင်းလှပါတယ်။ လူရွှင်တော် မိုးစက်ရဲ့ အလှူလေးက တကယ့်ကို မွန်မြတ်လှတာကြောင့် နောက်ထပ်လည်း လှူဒါန်းနိုင်အောင် ပရိသတ်က ဆုတောင်းမေတ္တာတွေ ပို့သပေးလိုက်ပါဦးနော် ။

သတင်း အရင်းအမြစ်៖ Source - Moe Sat