သရုပ်ဆောင်ချမ်းမီမီကိုတစ်ယောက်ကတော့ အနုပညာအလုပ်တွေနဲ့ အချိန်အတော်ကြာဝေးကွာနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ရှေ့ကနေ အချိန်အတော်ကြာပျောက်ကွယ်ခဲ့တဲ့ သူမကတော့ ဘာသာတရားကိုင်ရှိုင်းသူတစ်ယောက်ဖြစ်ပြီး အားလပ်တဲ့ အချိန်လေးတွေမှာ တရားအားထုတ်လေ့ရှိပါတယ်။ ယခုမှာတော့ ပြည်သူတစ်ယောက်ဟာ မလှုပ်၊မပြင်၊မရွှေ့၊မပြောင်းဘဲ ထိုင်လျက်ဖြင့် (၁၉)နာရီကြာတရားအားထုတ်မှု အောင်မြင်ခဲ့တဲ့ ချမ်းမီမီကိုရဲ့ အကြောင်းကို ပြောပြလာခဲ့ပါတယ်။


ချမ်းမီမီကိုတစ်ယောက်ကတော့ တိုက်ခွဲ(၃၂) သဲအင်းဂူက ဝိပဿနာ တရားစခန်းမှာ ပြီးခဲ့တဲ့နှစ်က တရားထိုင်ခဲ့တုန်းက ယခုလို(၁၉)နာရီကြာတဲ့အထိ တရားအားထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ချမ်းမီမီကိုကတော့ မနက်(၆ )နာရီခွဲကနေ (၉)နာရီခွဲအထိ (၃)နာရီ ၊ နေ့လည်(၁)နာရီမှ နောက်နေ့ မနက်(၅)နာရီအထိ (၁၆)နာရီ ကို မလှုပ် မပြင် မရွှေ့ မပြောင်းဘဲ တရားထိုင်ခဲ့တာဖြစ်ပါတယ်။ ချမ်းမီမီကိုတစ်ယောက် ယခုတရားအားထုတ်နေတာမဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်က တရားသွားထိုင်ရင်း နာရီအကြာကြီးတရားအားထုတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။


ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို တန်ဖိုးထားတတ်စေရန်အတွက် လေးစားအားကျ ဂုဏ်ယူဖွယ်ဖြစ်တဲ့ ချမ်းမီမီကိုရဲ့ (၁၉)နာရီကြာ တရားအားထုတ်နိုင်ခဲ့တဲ့ အကြောင်းလေးကို ပြည်သူတစ်ဦးက ပြန်လည်ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ကြီးကြီး ငယ်ငယ် ရွယ်ရွယ် လတ်လတ် ဆင်းရဲ ချမ်းသာ ခွာချထားပြီး ဗုဒ္ဓဘာသာရဲ့ တကယ့် အနှစ်သာရကို သုံးဆောင်ခံစားကြစေရန်၊ တန်ဖိုးထားကြစေရန် ရည်ရွယ်ပြီး ချမ်းမီမီကိုရဲ့အကြောင်းကို ပြောပြလာခဲ့တာဖြစ်ကြောင်း အဆိုပါပြည်သူက ဖွင့်ဟထားခဲ့ပါတယ်။ သဲအင်းဂူ ဝိပဿနာတရားစခန်းမှာ ပြီးခဲ့တဲ့ နှစ်က တရားအားထုတ်ခဲ့တဲ့ သရုပ်ဆောင်ချမ်းမီမီကိုရဲ့အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source : Original Uploder

