သူ့ဆီလာနေတဲ့ လမ်းခုလတ်မှာ သေဆုံးသွားတဲ့ မာယာလေးကို ဆို့နင့်ကြေကွဲစွာဖြင့် သေချာမြေမြှပ်ပေးနေတဲ့ မင်းမော်ကွန်းရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/6d/6d2457b8b8d34a28d820a39eaddbc2b796d95cc4.jpeg
အနုပညာရှင်များ

 ၂၈-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၅ နှစ် က

.

သရုပ်ဆောင် မင်းမော်ကွန်းကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေတစ်နေရာသို့ ရောက်ရှိနေတာဖြစ်ပြီးတော်လှန်ရေးအတွက် ကျရာအခန်းကဏ္ဍကနေ တာဝန်ယူထမ်းဆောင်နေတာ ဖြစ်ပါတယ်။  ဇနီးနဲ့ သားဖြစ်သူကိုပါကာကွယ်ပေးနိုင်ရန်အတွက် သူ့အနားမှာ ခေါ်ထားတာလည်း ဖြစ်ပါတယ်။ ဇနီးဖြစ်စူမှ တစ်အိမ်လုံးရဲ့ အချစ်တော်ခွေးလေးမာယာကိုပါ  တစ်ပါတည်း ခေါ်ဆောင်လာခဲ့ပေမယ့်လည်း ကျန်းမာရေးမကောင်းတဲ့အတွက် ပင်ပန်းပြီးခရီးတစ်ဝက်မှာပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

 Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account
 Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account
 Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account
 Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account

မင်းမော်ကွန်းကလည်း သူ့အချစ်ဆုံးခွေးလေး သေဆုံးသွားတဲ့အတွက် အရမ်းကို ယူကြုံးမရဝမ်းနည်းနေပြီးအာဏာရှင်လူတစ်စုကို အမြစ်ပြတ်ချေမှုန်းဖို့ အမှုတစ်မှုတိုးလာပြီဖြစ်ကြောင်း ကြုံးဝါးနေတာ ဖြစ်ပါတယ်။မာယာနဲ့ ပတ်သက်တဲ့ အမှတ်တရများစွာကိုလည်း သူ့ရဲ့လူမှုကွန်ယက်ကနေ တင်ရင်း သတိရနေတာ ဖြစ်ပါတယ်။မကြာသေးခင် နာရီပိုင်းလောက်ကလည်း မင်းမော်ကွန်းရဲ့ Facebook အကောင့်တွင် လမ်းတစ်ဝက်မှာတင် သေဆုံးသွားတဲ့ မာယာလေးကို သေချာမြေမြှပ်ပေးရင်း မျက်ရည်တွေနဲ့ ဆို့နင့်ကြေကွဲနေတဲ့ ဗီဒီယိုဖိုင်လေးကို ဝေမျှပေးထားတာ ဖြစ်ပါတယ်။

 Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account
 Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account
 Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account
 Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account

ခရီးလမ်းမှာ သူနေမကောင်းဖြစ်နေတာကိုပဲ အာရုံရောက်နေတာကြောင့် လူတွေအစစ်မခံခဲ့ရကြောင်းနဲ့ အသက်ကိုစတေးသွားတဲ့ မာယာလေးကို ကြည့်ပြီး ရင်ကွဲနေရကြောင်း ဝမ်းနည်းစွာဖြင့် ရေးသားထားတာ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း မာယာလေးရဲ့ အမှတ်တရဗီဒီယိုဖိုင်လေးကိုကြည့်ပြီး မင်းမော်ကွန်းတို့ မိသားစုနှင့်ထပ်တူစိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။ နောက်ဆုံးထွက်သက်အထိ သခင်တွေရဲ့ အချစ်တွေကို ရရှိခဲ့တဲ့ မာယာလေး မြင့်မြတ်တဲ့ ဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T