သေမထူး နေမထူးဘဝသို့ ရောက်နေပြီဖြစ်တဲ့အတွက် သူ့စိတ်ထဲက အလိုလို ဖြစ်ပေါ်လာတဲ့ ခံယူချက်တစ်ချို့ကို ထုတ်ပြောပြလာတဲ့ ပိုးလေး

//s9.kh1.co/8d/8d69bb71d97dc8b4334a4c0e2bc45eea446b1955.jpeg
အနုပညာရှင်များ

 ၂၈-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဟားငါးကောင်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ လူရွှင်တော် ပိုးလေးကတော့ လွတ်မြောက်နယ်မြေတစ်နေရာတွင်တော်လှန်ရေးအတွက် ကျရာအခန်းကဏ္ဍကနေ တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။ တောထဲတောင်ထဲဘယ်လိုအခက်အခဲမျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရပါစေ လုံးဝမမှုဘဲ ကြံ့ကြံ့ခိုင် ရင်ဆိုင်ဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။ တော်လှန်ရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ ထင်မြင်ယူဆချက်တစ်ချို့ကိုလည်း လူမှုကွန်ယက်တွင် အမြဲရေးသားဝေမျှပေးနေတာကိုလည်း မြင်တွေ့ရပါတယ်။

Photo Crd-Poe Lay’s Facebook Account 
Photo Crd-Poe Lay’s Facebook Account 
Photo Crd-Poe Lay’s Facebook Account 
Photo Crd-Poe Lay’s Facebook Account 

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ပိုးလေးရဲ့ Facebook အကောင့်တွင် လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး  သူ့စိတ်ထဲက အလိုလို ဖြစ်ပေါ်လာတဲ့ ခံယူချက်တစ်ချို့ကို ထုတ်ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ သေမထူးနေမထူးဘဝတွေဖြစ်တဲ့အတွက် သမိုင်းကြောင်းကောင်းပြီးပဲ သေသွားမှာဖြစ်ပြီး လူမဆန်တဲ့သူတွေရဲ့လက်အောက်မှာတော့ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်တဲ့အကြောင်း ပြတ်သားစွာ ပြောပြလာတာ ဖြစ်ပါတယ်။မြန်မာပြည်ကြီး ခေတ်ကောင်းတဲ့အချိန်ထိ ရှိနေဖို့ကိုလည်း မျှော်လင့်နေမိကြောင်းကိုလည်း ရင်ဖွင့်ရေးသားလာတာ ဖြစ်ပါတယ်။

Photo Crd-Poe Lay’s Facebook Account 
Photo Crd-Poe Lay’s Facebook Account 
Photo Crd-Poe Lay’s Facebook Account 
Photo Crd-Poe Lay’s Facebook Account 

ပြည်သူတွေရဲ့ မေတ္တာတွေကို အပြည့်အဝရရှိထားတဲ့ ဟားငါးကောင်အဖွဲ့ဝင်တွေအားလုံး အားတင်းပြီး လိုချင်တဲ့ပန်းတိုင်ကို ရောက်အောင် လျှောက်လှမ်းကြဖို့ ပရိသတ်များက အားပေးစကားပြောထားကြတာကို comment များတွင် မြင်တွေ့ရပါတယ်။ လွတ်မြောက်နယ်မြေတစ်နေရာတွင် အရေးတော်ပုံအောင်မြင်ဖို့ ကြိုးစားပြင်ဆင်နေကြတဲ့တော်လှန်ရေးရဲဘော်များအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး တိုက်ပွဲတိုင်း အထိခိုက်မရှိဘဲ အောင်ပွဲဆင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Poe Lay’s Facebook Account 

Photo Crd-Poe Lay’s Facebook Account 
Photo Crd-Poe Lay’s Facebook Account 
Photo Crd-Poe Lay’s Facebook Account 
Photo Crd-Poe Lay’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T