နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ကပ်ရောဂါဆိုးကြီးတွေကြောင့် လက်ရှိအခြေအနေတွေမှာ ပြည်သူတွေအနေနဲ့ အသက်အိုးအိမ်စည်းစိမ်တွေ အများအပြား ဆုံးရှုံးနေကြရပြီ ဖြစ်ပါတယ်..။
ကူးစက်မှုတွေ များပြားပြန့်ပွားနေတဲ့ ကိုဗစ်ရောဂါကြောင့် လူတော်တော်များများ သေဆုံးနေကြရပြီး နယ်ပယ်အသီးသီးက အနုပညာရှင်တွေလည်း ကြွေလွင့်နေကြတာ စိတ်မကောင်းစွာ တွေ့မြင်ရပါတယ်..။

ဒီကနေ့မှာလည်း Iron Cross အဖွဲ့ဝင် အဆိုတော်ဝိုင်ဝိုင်းရဲ့ ညီဖြစ်သူ ကိုမောင်မောင်သန်း (The Sun Music) လည်း ဆုံးပါးကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်..။
ခင်မင်ရင်းနှီးသူတွေက အသန်းလို့ ခေါ်ကြတဲ့ ကိုမောင်မောင်သန်းက အဆိုတော်ဝိုင်းဝိုင်းရဲ့ညီလည်းသလို အောင်မြင်တဲ့ တေးအယ်လ်ဘမ်ပေါင်းများစွာကို ထုတ်လုပ်သူအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်..။


ထုတ်လုပ်သူ ကိုမောင်မောင်သန်း ကွယ်လွန်သွားတဲ့အကြောင်းကိုတော့ ချစ်စမ်းမောင်ရဲ့ သမီးဖြစ်သူ ငဲငယ်လေးက သူမရဲ့ fb စာမျက်နှာကနေ ဝမ်းနည်းကြောင်းရေးသားထားတာ ဖြစ်ပါတယ်..။
ဒီကနေ့မှာ ဆုံးပါးကွယ်လွန်သွားတဲ့ ကိုမောင်မောင်သန်းအတွက် မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ကောင်းရာသုဂတိလားစေဖို့ကိုလည်း ဆုတောင်းပေးလိုက်ပါတယ်နော်..။

သတင်း အရင်းအမြစ်៖ Nge Ngal Lay's Fb Acc





