လူနာတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အောက်ဆီဂျင်အိုးတွေကို ခိုင်နှင်းဝေထံမှာ လှူဒါန်းပေးခဲ့တဲ့ ခိုင်သင်းကြည်တို့မိသားစု

//s9.kh1.co/79/79f7f6c2db889c9fd04a8ca4e3018f8e02fba2dc.png
အနုပညာရှင်များ

 ၂၆-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၄ နှစ် က

..

လတ်တလောကပ်ရောဂါကြီးရဲ့ ရိုက်ခတ်မှုမှာ အောက်ဆီဂျင်အိုးတွေဟာ အတော်လေး အရေးကြီးပါတယ်။ ခိုင်သင်းကြည်တို့မိသားစုဟာ Covid ရောဂါဆိုးကြီးရဲ့ နှိပ်စက်မှုကို ခံစားနေရတဲ့လူနာတွေအတွက်ရည်ရွယ်ပြီး အောက်ဆီဂျင်နှစ်အိုးကို ခိုင်နှင်းဝေပရဟိတထံမှာ လှူဒါန်းပေးခဲ့ပါတယ်။ တော်လှန်ရေးမှာလည်း တတ်နိုင်တဲ့ဖက်က ပါဝင်ကူညီပေးခဲ့သလို အနုပညာမောင်နှမတွေ အကျပ်အတည်းဖြစ်ချိန်မှာလည်း ဝမ်းနည်းကြောင်းနဲ့ အားမငယ်စေဖို့ စာလေးတွေမကြာခဏဆိုသလို ရေးသားခဲ့ပါတယ်။

Photo Credit - Khine Thin Kyi's FB Acc
Photo Credit - Khine Thin Kyi's FB Acc

ဒီလိုကာလမှာတတ်စွမ်းသလောက်အလှူလေးတွေလုပ်ရင်း အားလုံးအသိပညာတိုးပွားစေဖို့ ကျန်းမာရေးဗဟုသုတတွေကိုလည်း အမြဲတမ်းဝေမျှပေးခဲ့ပါသေးတယ်။ လုပ်ငန်းတွေအားလုံး ရပ်နားလိုက်ရပေမယ့် အလှူဒါနတွေကိုတော့ မရပ်နားဘဲ တတ်အားသ၍ အမြဲတမ်းပါဝင်ပေးနေခဲ့ပါတယ်။ ပရိသတ်တွေကိုရသပေါင်းစုံပေးခဲ့တဲ့ မင်းသမီးလေးဟာ လက်ရှိအကျပ်အတည်းကာလမှာလည်း တတ်နိုင်သလောက်ကူညီပေးနေဆဲပါပဲ။

Photo Credit - Khine Thin Kyi's FB Acc
Photo Credit - Khine Thin Kyi's FB Acc

ဘာမှမလုပ်နိုင်တဲ့အခြေအနေမှာ အလှူဒါနလေးလုပ်ပေးတာဟာလည်း လိုအပ်သူတွေအတွက် အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ အသက်တစ်ရှိုက်စာအတွက် သက်တောင့်သက်သာဖြစ်စေဖို့ အောက်ဆီဂျင်လှူဒါန်းပေးတာဟာလည်း တကယ်ကိုမွန်မြတ်တဲ့ဒါနပါပဲ။ စေတနာသန့်သန့်နဲ့ ကူညီပေးခဲ့တဲ့ သူမရဲ့အလှူဒါနအတွက် ပရိသတ်တွေကလည်း ကျေးဇူးတင်ကြောင်းနဲ့ မုဒိတာပွားကြောင်းကို သာဓုခေါ်ဆိုပေးခဲ့ကြပါတယ်။

Photo Credit - Khine Thin Kyi's FB Acc
Photo Credit - Khine Thin Kyi's FB Acc

သတင်း အရင်းအမြစ် Khine Thin Kyi's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T