PDF စခန်းသိမ်းခံရပြီး မင်းမော်ကွန်းလွတ်မြောက်ကာ ဇနီးဖြစ်သူဒဏ်ရာရတယ်လို့ ပြန့်နေတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ အမှန်တရား

//s9.kh1.co/f9/f9182e15e93fef2bd2c8a157d17e1d18b5beb71c.jpeg
အနုပညာရှင်များ

 ၂၅-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၅ နှစ် က

..

ဒီကနေ့ ဩဂုတ်လ (၂၅)ရက်နေ့မှာ လူမှုကွန်ရက်မှာ သရုပ်ဆောင်မင်းမော်ကွန်းရောက်ရှိနေတဲ့ လွတ်မြောက်နယ်မြေ ဘီးလင်း PDF စခန်းကို အသိမ်းခံလိုက်တယ်ဆိုတဲ့ သတင်းတွေပြန်နှံ့ထွက်ပေါ်လာခဲ့ပါတယ်..။

PDF စခန်းသိမ်းခံရတာကြောင့် မင်းမော်ကွန်းလွတ်မြောက်ပြီး ဇနီးဖြစ်သူဒဏ်ရာရရှိခဲ့တယ်ဆိုပြီး ဓာတ်ပုံအဟောင်းတွေနဲ့ သတင်းအမှားတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

အဆိုပါ သတင်းအမှားများထဲမှာ ပါဝင်နေတဲ့ ဓာတ်ပုံတွေဟာ ဩဂုတ်လ (၁၁)ရက်က ပေါင်မြို့နယ် သဲအိမ်ရွာနဲ့ ကတိုက်ရွာကြားမှာရှိတဲ့ မော်စကိုမြို့နယ်ရုံးကို စကစတပ်များဝင်တိုက်စဉ်က သတင်းဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ 

ဩဂုတ်လ (၁၁)ရက်က KNLA တပ်မဟာ ၁၊ တပ်မဟာမှူး ဈာပန ပြုလုပ်တဲ့နေ့မှာ တာဝန်ရှိသူများ မရှိခိုက် အဆိုပါရုံးကို ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ကာ KNU တပ်သား (၃)ဦးနဲ့ အနီးအနားရော်ဘာခြံမှာ အလုပ်လုပ်ကိုင်နေတဲ့ ခြံဝန်ထမ်းများကိုပါ PDF အဖွဲ့ဝင်များဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader

လက်ရှိပြန့်နှံ့နေတဲ့ သတင်းအမှားတွေဟာ မော်စကိုရုံး ဝင်ဆီးခံရစဉ်က ဓာတ်ပုံအဟောင်းများ ဖြစ်သလို ဘီးလင်း PDF အဖွဲ့ရဲ့စခန်းမဟုတ်တဲ့အပြင် မင်းမော်ကွန်းရောက်ရှိနေတဲ့ စခန်းလည်း မဟုတ်ဘူးလို့ သိရှိရပါတယ်..။

သတင်းအမှားတွေထဲမှာပါဝင်တဲ့ မင်းမော်ကွန်းလွတ်မြောက်ပြီး ဇနီးဖြစ်သူဒဏ်ရာတွေနဲ့ ဖမ်းဆီးခံရတယ်ဆိုတာလည်း မဟုတ်မမှန်သတင်းအမှားတွေဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စိတ်မပူကြဖို့ အသိပေးဝေမျှလိုက်ပါတယ်နော်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T