သရုပ်ဆောင် ဧငြိမ်းဖြူကတော့ အနေအေးပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို သိမ်းပိုက်ရရှိထားတဲ့မင်းသမီးတစ်လက် ဖြစ်ပါတယ်။ အပြင်ပန်းမှာ ပျော်အောင်နေထိုင်တတ်ပေမယ့် သူမရဲ့ စိတ်ထဲမှာတော့ နာကျင်ခံစားရတာတွေများစွာရှိနေခဲ့ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဧငြိမ်းဖြူရဲ့ Facebook Story တွင်နေ့တိုင်းစိတ်ဒဏ်ရာတွေနဲ့ ရှင်သန်နေထိုင်ခဲ့ရပြီး သတ်သေဖို့ စဉ်းစားခဲ့ရလောက်တဲ့အထိ နာကျင်နေရတဲ့အကြောင်းကို ရင်ဖွင့်ပြောပြလာခဲ့တာ ဖြစ်ပါတယ်။


၂၀၁၉ ခုနှစ်အကုန်လောက်ကတည်းက သူမရဲ့ဘဝက ပြောင်းပြန်ဖြစ်သွားခဲ့ပြီး နေ့တိုင်းရှင်သန်နေရတဲ့ဘဝကစုတ်ပြတ်သတ်နေကြောင်း ပြောပြလာပါတယ်။ နေ့စဉ်ရက်ဆက် စိတ်ဒဏ်ရာတွေနဲ့ ဖြတ်သန်းနေရတဲ့အတွက် သတ်သေဖို့အထိ မကြာခဏ စဉ်းစားခဲ့ပြီး အတုယောင်တွေနဲ့ အဆင်ပြေသလို ဟန်ဆောင်နေရတဲ့ ဘဝကြီးထဲမှာ မရှင်သန်ချင်တော့ကြောင်း ရင်ဖွင့်ရေးသားလာတာ ဖြစ်ပါတယ်။ အသက်အရွယ်နဲ့ မလိုက်အောင် ပေးထားတဲ့ ဘဝသင်ခန်းစာတွေက သိပ်ကြောက်စရာကောင်းလွန်းပြီး လူတွေအမြင်မှာ ထင်ကြတဲ့ အပူပင်မရှိ အေးချမ်းလွန်းတဲ့ သူမရဲ့ဘဝလေးဟာ သေသွားခဲ့တာ ကြာပြီဖြစ်ကြောင်းကိုလည်း ရေးသားထားပါတယ်။


အရှုံးပေးလိုက်ချင်တဲ့စိတ်တွေက အချိန်တိုင်းဖြစ်ပေါ်နေပေမယ့် ဘယ်တော့မှ အရှုံးမပေးဘဲ အရင်လိုဘဝလေးပြန်ဖြစ်အောင် ရအောင်တိုက်ထုတ်သွားမှာဖြစ်ပြီး ဒီ့ထက်ပိုပြီး သန်မာအောင် နေထိုင်သွားမှာ ဖြစ်ကြောင်းကိုလည်း ပြောပြထားပါသေးတယ်။ ဧငြိမ်းဖြူဟာ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ချစ်သူနဲ့ လမ်းခွဲပြတ်စဲလိုက်ပြီဖြစ်ကြောင်း အားလုံးကို တရားဝင်အသိပေးခဲ့ပြီး ပရိသတ်တွေကလည်း အားကျခဲ့ရတဲ့ အတွဲလေး အခုလို ဇာတ်သိမ်းသွားတဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရပါစေစိတ်ဓာတ်မကျဘဲ အရင်လို ပျော်ပျော်နေတတ်တဲ့ ဧငြိမ်းဖြူအဖြစ် ပြန်လည်မြင်တွေ့ရပါစေလို့ ဆုတောင်းပေးရင်းဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-A Nyein Phyu’s Facebook Account

