လတ်တလောမှာ Covid တတိယလှိုင်းကပ်ရောဂါရဲ့နှိပ်စက်မှုကြီးကြောင့် အသက်ဆုံးရှုံးရတဲ့ ပြည်သူတွေ အတော်လေးကိုများပြားလာခဲ့ပါပြီ။ အရည်အချင်းရှိတဲ့အနုပညာရှင်တွေနဲ့ တန်ဖိုးရှိတဲ့ပြည်သူတွေရဲ့ အသက်တွေတဖြုတ်ဖြုတ်ကြွေနေရတာကို နေ့စဉ်နဲ့အမျှ စိတ်မကောင်းစွာမြင်တွေ့နေရပါတယ်။ ရောဂါကိုကုသတဲ့နေရာမှာ အောက်ဆီဂျင်ဟာလည်း အဓိကအရေးပါတဲ့ ကုသမှုတစ်ခုဖြစ်နေခဲ့တာကြောင့် စန္ဒီမြင့်လွင်တို့မိသားစုဟာ ခိုင်နှင်းဝေပရဟိတကို Oxygen Cylinder (2) အိုးလှူဒါန်းပေးခဲ့ပါတယ်။

အကျပ်အတည်းကာလတွေမှာ ပြည်သူတွေရဲ့ခက်ခဲမှုတွေကို တတ်နိုင်တဲ့နည်းလမ်းနဲ့ ကူညီလှူဒါန်းပေး တာကြောင့် ပရိသတ်တွေကလည်း ကျေးဇူးတင်ပြီးသာဓုခေါ်ဆိုတဲ့ မှတ်ချက်တွေပေးခဲ့ကြပါတယ်။ ခိုင်နှင်းဝေဟာလည်း သူမကိုလှူဒါန်းခဲ့တဲ့ အလှူငွေတွေနဲ့ အောက်ဆီဂျင်စက်တွေကို ကျပ်သိန်း (၁၅၀၀) ခန့်ဖိုးဝယ်ယူပြီး လိုအပ်တဲ့သူတွေနဲ့ ဆေးရုံတွေကို လှူဒါန်းပေးခဲ့ပါသေးတယ်။ စွန့်လွှတ်အနစ်နာခံပြီး အများအကျိုးဆောင်ရွက်နေတဲ့ ပရဟိတမင်းသမီးမို့ ပြည်သူတွေကိုပိုပြီးကူညီနိုင်အောင် အခုလိုထပ်မံပံ့ပိုးပေးတာ ဝမ်းသာစရာပါ။

လိုအပ်နေတဲ့လူနာတွေအတွက်တော့ အခုလိုလှူဒါန်းမှုဟာ အတော်လေးအထောက်အကူ ဖြစ်ပါတယ်။ အသက်တစ်ရှိုက်စာအတွက် အရေးပါလွန်းတဲ့အောက်ဆီဂျင်ဟာ လူနာတွေအတွက်တော့ မရှိမဖြစ်ပါပဲ။ ကဏ္ဍပေါင်းစုံမှာမပါဝင်နိုင်ခဲ့ပေမယ့် ကိုယ်တတ်နိုင်တဲ့ဖက်ကနေ ပြည်သူတွေအတွက် အထောက်အကူ ဖြစ်အောင် လှူဒါန်းပေးခဲ့တဲ့ဒီးဒီတို့မိသားစုလည်း ကပ်ရောဂါဘေးကြီးကနေ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။

သတင်း အရင်းအမြစ်៖ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ's FB Acc