သူမပိုက်ဆံချေးပေးလိုက်တဲ့လူတစ်ချို့က ပြန်မပေးဘဲ ထိုင်ဖြုန်းပြီးသာယာနေကြလို့ ရင်ထဲကခံစားချက်တွေကိုဖွင့်ဟလာတဲ့ သရုပ်ဆောင်သိင်္ဂီထွန်း

//s9.kh1.co/52/523186cd6fb295f197d3b5920198da4183c6aa14.jpeg
အနုပညာရှင်များ

 ၂၀-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၅ နှစ် က

သူမပိုက်ဆံချေးပေးလိုက်တဲ့လူတစ်ချို့က ပြန်မပေးဘဲ ထိုင်ဖြုန်းပြီးသာယာနေကြလို့ ရင်ထဲကခံစားချက်တွေကိုဖွင့်ဟလာတဲ့ သရုပ်ဆောင်သိင်္ဂီထွန်း

သရုပ်ဆောင်သိင်္ဂီထွန်းကတော့ အလှူရေစက်လက်နဲ့မကွာသူဖြစ်တာကြောင့် ဒီကာလမှာလည်း လိုအပ်သူတွေကိုတတ်နိုင်သလောက်လှူဒါန်းပေးနေတာဖြစ်ပါတယ်။သိင်္ဂီထွန်းက ဇူလိုင်လမှာ သာသနာ့ဘောင်သို့ဝင်ရောက်ထားတာဖြစ်ပြီး မကြာသေးခင်ကမှ လူဝတ်လဲလာတာဖြစ်ပါတယ်။လူဝတ်လဲပြီးနောက်မှာလည်း သူမလက်လှမ်းမှီသလောက် အလှူတွေကို စိတ်ရောကိုယ်ပါနှစ်ပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။သိင်္ဂီထွန်းက သူမဆီမှာပိုက်ဆံလာချေးတဲ့သူတွေကိုလည်း စေတနာအပြည့်နဲ့ ချေးပေးလိုက်တာဖြစ်ပါတယ်။

Photo Credit:Theingi Tun’s Fb acc
Photo Credit:Theingi Tun’s Fb acc
Photo Credit:Theingi Tun’s Fb acc
Photo Credit:Theingi Tun’s Fb acc

အခုဆိုရင်တော့ သိင်္ဂီထွန်းက ပိုက်ဆံချေးပေးလိုက်တဲ့ လူတစ်ချို့ဆီက နည်းနည်းမှပြန်မရတဲ့အပြင် အာမခံပေးထားတဲ့ငွေကိုပါ ဆပ်ပေးနေရတာဖြစ်ပါတယ်။ပိုက်ဆံချေးထားတဲ့သူတွေကလည်း သူမဆီကို အကျိုးအကြောင်းပြောဖို့ ဖုန်းတောင်မဆက်သွယ်ကြတာဖြစ်ပါတယ်။သိင်္ဂီထွန်းကလည်း အလကားရထားတဲ့ငွေမဟုတ်ဘဲ သူမရဲ့ချွေးနည်းစာဖြစ်လို့ ပြန်မရတဲ့အချိန်မှာ စိတ်ထိခိုက်နေရတာပဲဖြစ်ပါတယ်။ငွေချေးထားတဲ့သူတွေကလည်း ပြည့်စုံလျှက်ရှိနေတာတောင် သူမကိုပြန်မပေးတာလို့သိရပါတယ်။

Photo Credit:Theingi Tun’s Fb acc
Photo Credit:Theingi Tun’s Fb acc
Photo Credit:Theingi Tun’s Fb acc
Photo Credit:Theingi Tun’s Fb acc
Photo Credit:Theingi Tun’s Fb acc
Photo Credit:Theingi Tun’s Fb acc

သိင်္ဂီထွန်းက တစ်ခြားလူတစ်ယောက်အပေါ်မှာ ဖြူဖြူစင်စင်နဲ့ကူညီပေးလိုက်ပေမယ့် စေတနာကိုမသိကျိုးကျွံပြုခံလိုက်ရတာဖြစ်ပါတယ်။ဒီလိုကာလမှာ သူမကိုယ်တိုင် အလှူအတန်းတွေလုပ်ဆောင်ပြီး တခြားသူအပေါ်ကူညီနေပေမယ့် ဒီလိုကိစ္စတွေကြောင့် စိတ်ပင်ပန်းနေမှာပဲဖြစ်ပါတယ်။သူမကတော့ လက်ရှိဖြစ်ပျက်နေတဲ့ သူမရဲ့အခက်အခဲတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရင်ဖွင့်ရေးသားလာတာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Theingi Tun’s Fb acc
Photo Credit:Theingi Tun’s Fb acc
Photo Credit:Theingi Tun’s Fb acc
Photo Credit:Theingi Tun’s Fb acc
Photo Credit:Theingi Tun’s Fb acc
Photo Credit:Theingi Tun’s Fb acc

Source&Photo Credit:Theingi Tun’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T