ဟာသလူရွှင်တော်တွေဖြစ်ကြတဲ့ ဟားငါးကောင်အဖွဲ့ကတော့ လက်ရှိမှာ တော်လှန်ရေးအတွက် လွတ်မြောက်နယ်မြေကို ရောက်ရှိနေကြတာကို ပရိသတ်တွေ သိရှိပြီး ဖြစ်မှာပါနော်..။
အောင်မြင်တဲ့ သဘင်အနုပညာရှင်တွေဖြစ်ကြသလို ရဲရင့်ခိုင်မာတဲ့ တော်လှန်ရေးစိတ်ထားတွေကြောင့်လည်း ဟားငါးကောင်လူရွှင်တော်အဖွဲ့ကို ပြည်သူတွေက ချီးကျူးလေးစားနေကြတာ ဖြစ်ပါတယ်..။


ဟားငါးကောင်ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ လူရွှင်တော်ပိုးလေးကတော့ သူတို့အဖွဲ့အနေနဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေရတဲ့ အဓိကအကြောင်းအရင်းတွေကို ပြောပြလာပါတယ်..။
လွတ်မြောက်နယ်မြေရောက်ပြီး သေနတ်ကိုင်နေရတဲ့ အကြောင်းအရင်းအသေးစိတ်ကို ပြောပြရင်း ရန်ကုန်ကနေ ထွက်ပြေးခဲ့ရတာတွေကိုလည်း ပိုးလေးက ပြောပြထားပါသေးတယ်..။


"အမှန်ဆို ကျွန်တော်တို့ လွတ်မြောက်နယ်မြေကိုရောက်စရာမလိုပါဘူး၊ မင်းအောင်လှိုင် ကတိမတည်လို့ ရောက်ခဲ့တာပါ၊ သူမိန့်ခွန်းပြောတုန်းက အစိုးရကို မကြိုက်ရင်ဆဲလို့ ရပါတယ်လို့ သူပဲပြောခဲ့တာပါ။ ကျွန်တော်တို့ကလည်း သူ့ကိုမကြိုက်လို့ မအေလိုးမင်းအောင်လှိုင်လို့ ဆဲခဲ့ပါတယ်။ အဲ့ဒါကို လာဖမ်းတော့ ကျွန်တော်တို့ထွက်ပြေးခဲ့ရပါတယ်။ ဒီ မအေလိုးကြီးက လုံးဝ ကတိမတည်ပါဘူး။ ရန်ကုန်ထဲမှာဆိုရင် မရဲတရဲဆဲနေရတာ ခုလိုအကြိုက်ဆဲလို့ရတဲ့အချိန်မှာ ကိုယ့်ထက်အသက်ကြီးလို့ မဆဲတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါပြီ။.." ဆိုပြီး ပိုးလေးက ပြောပြထားတာ ဖြစ်ပါတယ်..။
ပြက်လုံးတွေနဲ့ ရယ်စရာတွေ ဖန်တီးပုံဖော်တတ်တဲ့ ပိုးလေးရဲ့ ပြောစကားကိုလည်း မိတ်ဆွေသူငယ်ချင်း ပရိသတ်တွေကလည်း သဘောကျစွာ အားပေးစကားပြောထားကြတာလည်း တွေ့ရပါတယ်..။


သတင်း အရင်းအမြစ်៖ Ko Ko Poe Lay's Fb Acc