ဂီတနယ်ပယ်မှာ အောင်မြင်မှုတွေရရှိပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားသူကတော့ ထူးအယ်လင်းပဲ ဖြစ်ပါတယ်။ထူးအယ်လင်းဟာ လက်ရှိမှာ အနုပညာအလုပ်တွေထက် လူမှုရေးအကျိုးပြု ပရဟိတအလုပ်တွေကို ပိုမိုလုပ်ကိုင်နေတာ တွေ့ရပါတယ်။ သူ့ရဲ့ ပရဟိတလေးကတော့ တခြားအလှူရှင်တွေကိုယ်စား ကာယဒါနအဖြစ် အခက်အခဲဖြစ်နေတဲ့ သူတွေအပြင် ဘုရားစေတီတော်များပြုပြင်ခြင်း မိဘမဲ့ကျောင်းတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးတာ ဖြစ်ပါတယ်။


ဒါ့အပြင် ထူးအယ်လင်းက လူထုလှုပ်ရှားမှုတွေမှာ ရဲဝံ့စွာပါဝင်ခဲ့ကြတဲ့ ပြည်သူတွေကိုလည်း တတ်နိုင်တဲ့ဘက်ကနေ စားသောက်စရာလေးတွေ မျှဝေလှူဒါန်းပေးခဲ့တာတွေ့မြင်ရပါတယ်။ လတ်တလော ကိုဗစ်ကာလမှာလည်း လိုအပ်နေတဲ့ နေရာဒေသတွေကို သွားရောက်ပြီး ကူညီလှူဒါန်းပေးခဲ့ပါတယ်။ ယခုမှာလည်း ထူးအယ်လင်းရဲ့ လူမှုကွန်ယက်မှာ သြဂုတ်လ(၁၇)ရက်နေ့က မွန်မြတ်တဲ့အလှူလေးတစ်ခု ပြုလုပ်ခဲ့တာကို ဖော်ပြလာခဲ့ပါတယ်။


ဒါကတော့ အလှူရှင်များရဲ့ မတည်အလှူအဖြင့် သီလရှင် အပါး (၃၀၀)စာအတွက် အမျိုးသမီးလစဉ်သုံး ၊ ဆန် ၊ကြက်ဥ ၊ အမျိုးသမီးသုံး အတွင်းခံအထည် ၊ မုန့်များ၊ ဝတ္ထုငွေနဲ့ လက်ဆေးရည်များကို လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါအလှူမှာတော့ We Love Htoo El Lynn မှညီအစ်ကိုများအပြင် မြင့်မြတ် ၊ ထူးခြား ၊ Kညီနဲ့ အခြားမိတ်ဆွေများက ပါဝင်လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။ သာသနာတော်ကြီး မကွယ်မပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်နေတဲ့ သီလရှင်ဆရာလေးတွေအတွက် ယခုလိုကူညီ လှူပေးတာကတော့ အကယ့်ကိုမွန်မြတ်ပြီး ကြည်နူးပီတိ ဖြစ်ရပါတယ်။
သတင်း အရင်းအမြစ်៖ Source - Htoo El Lynn fb account





