သားအဖသုံးယောက် အတူတူကခဲ့တဲ့ Tik Tok Video လေးကိုပြန်ကြည့်ပြီး ဖြေမဆည်နိုင်ဖြစ်နေတဲ့ မေတ္တာမြင့်မြတ်ဟိန်း

//s9.kh1.co/21/217314c15c9bedbcdf860420d5affa0062c5cd8b.png
အနုပညာရှင်များ

 ၁၇-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၄ နှစ် က

..

ပြီးခဲ့တဲ့သြဂုတ်လ (၂) ရက်နေ့မှာ ဘဝတစ်ပါးကိုပြောင်းရွှေ့သွားတဲ့ လူရွှင်တော်ဦးမေတ္တာဟာ မိသားစုအတွက်အားကိုးရတဲ့ဖခင်တစ်ယောက်ဖြစ်ခဲ့သလို သားသမီးတွေအတွက်လည်း အဖေလိုတစ်မျိုး သူငယ်ချင်းလိုတစ်မျိုး ချစ်ခင်ရသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အသက် (၆၇) နှစ်မှာဆုံးပါးသွားခဲ့ပြီး ကျန်ရစ်သူမိသားစုတွေကတော့ အခုချိန်ထိ လွမ်းတသသဖြစ်နေရဆဲပါ။ ဒီနေ့မှာလည်း သားဖြစ်သူမေတ္တာမြင့်မြတ်ဟိန်းဟာ လွန်ခဲ့တဲ့တစ်နှစ်က သားအဖသုံးယောက် အတူတူကခဲ့တဲ့ ပျော်စရာ Tik Tok Video လေးကို " ဖေဖေရယ် " ဆိုတဲ့စာလေးရေးပြီး Memory ပြန် Share ထားခဲ့ပါတယ်။

Photo Credit - Myittar Myint Myat Hein's FB Acc
Photo Credit - Myittar Myint Myat Hein's FB Acc
Photo Credit - Myittar Myint Myat Hein's FB Acc
Photo Credit - Myittar Myint Myat Hein's FB Acc

ပျော်စရာအချိန်တွေကို နှစ်ပေါင်းများစွာအတူတူဖြတ်သန်းလာခဲ့ပြီးမှ ရုတ်တရက်ကြီးခွဲခွာသွားရတဲ့ ခံစားချက်ဟာ အတော်လေးဆိုးဝါးလွန်းပါတယ်။ ဖခင်မရှိတော့တဲ့အိမ်ရဲ့ လစ်ဟာမှုဟာ ဘာနဲ့မှအစားထိုးမရနိုင်အောင်ပါပဲ။ သားသမီးနှစ်ယောက်လုံးနဲ့ ပျော်ပျော်ရွှင်ရွှင် ရင်းရင်းနှီးနှီးနေခဲ့တဲ့ ဦးမေတ္တာလို ဖခင်ကောင်းတစ်ယောက်ဆုံးရှုံးလိုက်ရတာမို့ မိသားစုအတွက်တော့ ဖြေမဆည်နိုင်အောင် ထိခိုက်နာကျင်ရပါတယ်။

Photo Credit - Myittar Myint Myat Hein's FB Acc
Photo Credit - Myittar Myint Myat Hein's FB Acc

ရောဂါဆိုးကြီးရဲ့နှိပ်စက်မှုတွေကိုအလူးအလဲခံစားရင်း သားလေးရဲ့လက်ပေါ်မှာပဲ အသက်ဆုံးရှုံးခဲ့တဲ့ ဦးမေတ္တာကိုရည်စူးပြီး မိသားစုကလည်း မကြာခဏဆိုသလို အလှူဒါနလေးတွေ တတ်နိုင်သလောက် လုပ်ပေးကြပါတယ်။ ပြန်မရနိုင်တော့ပေမယ့်လည်း သားအဖသုံးယောက်ရဲ့ ပျော်စရာကောင်းခဲ့တဲ့ အတိတ်က အမှတ်တရဗီဒီယိုလေးကို ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ် Myittar Myint Myat Hein's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T