မုဒုံမြို့က ကလေးငယ်လေးကို မွေးစားဖို့ သူမဆီ လာပို့ကြပေမယ့် လမ်းခရီးတစ်ဝက်ကနေ ပြန်လှည့်သွားရတဲ့ အကြောင်းစုံကိုပြောပြလာတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/b9/b93b683f1e746e00cef2a630942fb7a0aa5dec9f.jpeg
အနုပညာရှင်များ

 ၁၆-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၄ နှစ် က

......

မိဘမဲ့နေတဲ့ ကလေးငယ်လေးတွေကို တရားဝင် ခေါ်ယူ ထိန်းသိမ်း စောင့်ရှောက်ပေးနေသူကတော့ ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေပဲဖြစ်ပါတယ်။ အခုအချိန်မှာ ဆိုရင် သူမက လူမှုကူညီရေး ပရဟိတတွေကိုလည်း အစွမ်းကုန် လုပ်ကိုင်နေသလို  မိဘမဲ့ ကလေးလေးတွေ အတွက်လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာ အပြည့်နဲ့ နွေးထွေးစွာ စောင့်ရှောက်မှုတွေ ပေးနေခဲ့ပါတယ်။

Photo Credit : Khine Hnin Wai Facebook Account
Photo Credit : Khine Hnin Wai Facebook Account
Photo Credit : Khine Hnin Wai Facebook Account
Photo Credit : Khine Hnin Wai Facebook Account

မနေ့ကဆိုရင်လည်း မော်လမြိုင် မုဒုံမြို့မှာ စိတ်မနှံ့တဲ့ ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်က မီးဖွားပြီး ကလေးကို ဇရပ်မှာ ပစ်ထားခဲ့တယ်ဆိုတဲ့ သတင်းကို ကြားသိသိချင်း မွေးစားရန် လိုအပ်တာများ ချက်ချင်းစီစဉ်ခဲ့တာကို တွေ့ရပါတယ် ။ တစ်ရက်သားပဲရှိသေးတာကြောင့် ခိုင်နှင်းဝေအနေနဲ့ ကလေးငယ်လေးကို အတော်လေး စိတ်ပူခဲ့ပါတယ် ။

Photo Credit : Khine Hnin Wai Facebook Account
Photo Credit : Khine Hnin Wai Facebook Account
Photo Credit : Khine Hnin Wai Facebook Account
Photo Credit : Khine Hnin Wai Facebook Account

ဒီကနေ့မှာတော့ ကလေးငယ်လေးကို ခေါ်ယူမွေးစားရန် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက သူမဆီ လာရောက်ပို့ဆောင်ကြပေမယ့် ခရီးတစ်ဝက်မှာတင် မော်လမြိုင်မြို့ မှာရှိတဲ့ ဆရာတော်တစ်ပါးက ကလေးကိုမွေးစား ပေးမည်ဖြစ်ကြောင်း သူမအား အကြောင်းကြားလာတယ်လို့ဆိုပါတယ် ။ ကလေးငယ်လေးကို မမွေးစားဖြစ်တော့တဲ့ အကြောင်းစုံကိုလည်း " မုဒုံရွာမှ သားလေးကို ဒီနေ့ ကျမဆီ လာပို့ကြပါတယ်ရှင်...ရပ်ရွာမှ လူများမှ မြန်မာနိုင်ငံကြက်ခြေနီ အသင်း သို့ အပ်နှံပြီး ပို့ဆောင် ကူညီပေးပါတယ်...လမ်း တစ်ဝက် သို့ ရောက်သောအခါမှ ကျမတို့ဆီ ဖုန်းဝင်လာပါတယ်...ကြက်ခြေနီ အသင်း တာဝန်ရှိသူ တစ်ဦးမှ  ကားပြန်လှည့်ခိုင်း ကြောင်း ၊ မော်လမြိုင် မှ ဆရာတော်တပါး မွေးစားမည် ဖြစ်ကြောင်း ပါ..ရွာမှ လူများမှလဲ ဒီကိုပဲ ပို့မည် ဖြစ်ကြောင်း ဖုန်းဆက်ပြီး ပြောတဲ့ အတွက် ကျမ အနေနဲ့ ပြေလည်အောင် ဖြေရှင်းဘို့ ကလေးကို ရွာကိုပဲ ပြန်ပို့ခိုင်းလိုက်ပါတယ်ရှင်....ကျမတို့လဲ အမြန်လမ်းကနေ လှည့်ပြန်လာခဲ့ပါပြီရှင်..." အကြောင်းစုံရေးသား ဖော်ပြလာပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးငယ်လေး အတွက် စောင့်ရှောက်မယ့်သူ ရှိပြီး အဆင်ပြေသွားတာ ဝမ်းသားစရာပါပဲ ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။ 

Photo Credit : Khine Hnin Wai Facebook Account
Photo Credit : Khine Hnin Wai Facebook Account
Source & Photo Credit : Khine Hnin Wai Facebook Account
Source & Photo Credit : Khine Hnin Wai Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T