မိခင်ကစိတ်မနှံ့လို့ ဇရပ်မှာမီးဖွားပြီးထားပစ်ခဲ့တဲ့ တစ်ရက်သားကလေးငယ်လေးကို ကိုယ်တိုင်သွားခေါ်ပြီးမွေးစားဖို့စီစဉ်လိုက်တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/bb/bb9b715f2529b5c9dcfb6abfa3ac1929c81e381b.jpeg
အနုပညာရှင်များ

 ၁၆-သြ-၂၀၂၁ ၉am · လွန်ခဲ့သော ၄ နှစ် က

မိခင်ကစိတ်မနှံ့လို့ ဇရပ်မှာမီးဖွားပြီးထားပစ်ခဲ့တဲ့ တစ်ရက်သားကလေးငယ်လေးကို ကိုယ်တိုင်သွားခေါ်ပြီးမွေးစားဖို့စီစဉ်လိုက်တဲ့ ခိုင်နှင်းဝေ

မင်းသမီးချောခိုင်နှင်းဝေကလည်း ဒီကာလမှာပြည်သူတွေကို တစ်ဖက်တစ်လမ်းကနေကူညီပေးနေတာဖြစ်ပါတယ်။ဒါ့အပြင် သူမမွေးစားပြီးစောင့်ရှောက်ထားတဲ့ ကလေးငယ်တွေရဲ့ ဝေယျာဝစ္စကိုလည်း တစ်နေရာမှမလစ်ဟင်းအောင် သေချာစီစဉ်ဆောင်ရွက်ပေးတာပဲဖြစ်ပါတယ်။ခိုင်နှင်းဝေက မိဘမရှိတော့တဲ့ကလေးတွေနဲ့ မိဘကထားသွားခဲ့တဲ့ကလေးငယ်တွေကို သနားဂရုဏာဖြစ်မိလို့ သူမရဲ့ရင်သွေးလေးများဂေဟာမှာ ခေါ်ယူမွေးစားလိုက်တာတွေလည်းရှိပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page

အခုဆိုရင်လည်း မော်လမြိုင်၊မုဒုံမြို့နယ်ဘက်က ရွာလေးတစ်ရွာမှာ မိခင်တစ်ယောက်က ကလေးမွေးပြီး ထားပစ်ခဲ့တာဖြစ်ပါတယ်။တစ်ရက်သားကလေးငယ်လေးကို ရွာထဲမှလူများကခေါ်ယူစောင့်ရှောက်ထားကြပြီး ခိုင်နှင်းဝေဆီ မွေးစားဖို့ပေးချင်ကြောင်း ဆက်သွယ်လာခဲ့တယ်လို့သိရပါတယ်။ကလေးရဲ့မိခင်ကလည်း စိတ်မနှံ့သူဖြစ်ပြီးဇရပ်မှာ မီးဖွားပြီး ထားခဲ့တာဖြစ်ပါတယ်။ရွာကလူတွေကလည်း အရမ်းရိုးသာတာကြောင့် ခိုင်နှင်းဝေကိုယ်တိုင်ကလေးကိုလာခေါ်ပေးဖို့တောင်းဆိုထားကြတာဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page

မွေးကင်းစကလေးငယ်လေးကလည်း မိခင်မေတ္တာကိုမရရှိခဲ့ပေမယ့် ရွာသူ၊ရွာသားများရဲ့မေတ္တာကြောင့် အသက်ရှင်ခွင့်လည်းရခဲ့ပါတယ်။ခိုင်နှင်းဝေကလည်း အမှန်တကယ်အုပ်ထိန်းသူမရှိပါက ကလေးလေးကို ကိုယ်တိုင်သွားခေါ်ပြီး မွေးစားပေးမှာဖြစ်ပါတယ်။ဒါ့ကြောင့် ခိုင်နှင်းဝေက ကလေးမွေးစားဖို့အတွက် သက်ဆိုင်သူများရှိရင် သူမထံလာရောက်ဆက်သွယ်နိုင်ပါတယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page

Source&Photo Credit:Khine Hnin Wai’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T