လူ့လောကကြီးကနေ နှုတ်ဆက်ထွက်ခွာသွားတဲ့ ဟာသလူရွှင်တော်ကြီးဦးမေတ္တာအတွက် ကျန်ရစ်သူမိသားစုက ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးလျက်ရှိနေပါတယ်။ ယခုမှာတော့ ဦးမေတ္တာရဲ့သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ဖြစ်သူအတွက် ရည်စူးပြီး ဟာသလူရွှင်တော်ကြီးတွေကို အခြေခံစားသောက်ကုန်တွေ၊စားစရာတွေ လှူဒါန်းနေခဲ့ပါတယ်။ ဟာသလူရွှင်တော်ကြီးတွေဖြစ်ကြတဲ့ ဦးပေါ်လေး၊ဦးမိုးဒီနဲ့ဦးနေကျော်တို့ရဲ့အိမ်အထိ ကိုယ်တိုင်သွားရောက်ကာ ကန်တော့ခဲ့တာပဲဖြစ်ပါတယ်။



မေတ္တာမြင့်မြတ်ဟိန်းကတော့ လူရွှင်တော်ကြီးတွေကို ယခုလိုသွားရောက်ကန်တော့ရင်း ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးတစ်ခုကြောင့် ဖခင်ဦးမေတ္တာကို အရမ်းသတိရနေခဲ့ပါတယ်။ ဦးပေါ်လေး၊ဦးမိုးဒီနဲ့ဦးနေကျော်တို့ရဲ့ ဆုံးမဩဝါဒစကားကိုနားထောင်ရင်း သူ့ကိုလိမ္မာအောင် အမြဲဆုံးမလေ့ရှိတဲ့ ဖခင်ဦးမေတ္တာကို သတိရသွားကာ အရမ်းလွမ်းဆွတ်နေခဲ့ပါတယ်။ ဦးမေတ္တာကို ချစ်ခင်အားပေးခဲ့တဲ့ မိသားစုတစ်စုက ရည်စူးပြီး အလှူလေးတစ်ခုပြုလုပ်ချင်လို့ ဆက်သွယ်ပြောဆိုရင်း သားဖြစ်သူမေတ္တာမြင့်မြတ်ဟိန်းနဲ့ အတူပူးပေါင်းကာ ယခုလိုလူရွှင်တော်ကြီးတွေကို လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။



မေတ္တာမြင့်မြတ်ဟိန်းကတော့ " ယနေ့ ဖေဖေ့အတွက် ရည်စူးပြီး သက်ကြီးလူရွှင်တော်များဖြစ်တဲ့ ဘဘဦးပေါ်လေး၊ဘဘဦးမိုးဒီ အဖေဦးနေကျော်တို့ကို လှူဖွယ်ပစ္စည်းများနဲ့အတူ ကျနော် သွားရောက် ဂါရဝပြု ကန်တော့ခွင့်ရခဲ့ပါတယ်.ဆုံးမဩဝါဒစကားနားထောင်ရင်း ဖေဖေ့ကိုလည်း အရမ်းသတိရတယ် "ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားပါတယ်။ ဆုံးပါးသွားတဲ့ ဖခင်ဦးမေတ္တာအတွက် ရည်စူးပြီးလူရွှင်တော်ကြီးတွေကို စားသောက်ကုန်တွေနဲ့ ငွေကြေးတွေ လှူဒါန်းပေးနေတဲ့ မေတ္တာမြင့်မြတ်ဟိန်းရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source :Myittar Myint Myat Hein’s Fb acc







