ကွယ်လွန်သွားတဲ့ သူငယ်ချင်းဖြစ်သူဦးဒီလုံးကို နေ့စဉ်နဲ့အမျှလွမ်းဆွတ်သတိရနေတဲ့ ဦးနေကျော်

//s9.kh1.co/60/601d20d76a97476e715c7c691dbb5871b29a09cd.jpeg
အနုပညာရှင်များ

 ၁၄-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၅ နှစ် က

..

အနုပညာလောကမှာ ဟာသဉာဏ်ရွှင်မှုတွေနဲ့ ရယ်စရာလေးတွေကို အမြဲအတွဲညီညီနဲ့ ဖန်တီးပုံဖော်ခဲ့ကြတဲ့ ဝါရင့်ဟာသလူရွှင်တော်ကြီးတွေဖြစ်ကြတဲ့ ဦးဒီလုံးနဲ့ ဦးနေကျော်ကို ပရိသတ်တွေ မှတ်မိနေကြဦးမှာပါနော်..။

ဦးဒီလုံးနဲ့ ဦးနေကျော်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ တစ်ယောက်ကို တစ်ယောက်အရမ်းချစ်ခင်ကြပြီး ဦးဒီလုံးကွယ်လွန်သွားပြီးတဲ့နောက် ကျန်ရစ်ခဲ့တဲ့ ဦးနေကျော်ကလည်း သူငယ်ချင်းဖြစ်သူကို အမြဲသတိရလွမ်းဆွတ်နေခဲ့ပါတယ်..။

Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc

ကွယ်လွန်သွားတဲ့ သူငယ်ချင်းဖြစ်သူဦးဒီလုံးကို နေ့စဉ်နဲ့အမျှလွမ်းဆွတ်သတိရနေတဲ့ ဦးနေကျော်ရဲ့အကြောင်းကို လူရွှင်တော်မိုးစက်က စိတ်မကောင်းစွာ ပြောပြလာပါတယ်..။

နှာတိုနဲ့ကျောက်ရူးဆိုပြီး တစ်ယောက်ကို တစ်ယောက် နာမည်ပြောင်လေးတွေပေးပြီး စနောက်ခဲ့ကြသလို မနက်တိုင်း လာလာနှိုးတတ်တာလေးတွေကို လွမ်းဆွေးရင်း သူငယ်ချင်းအတွက်ရေးသားထားတဲ့ ဦးနေကျော်ရဲ့ ရေးသားထားတဲ့ ကဗျာလေးတွေကိုလည်း ဝေမျှထားပါသေးတယ်..။

Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc

"နှာတို လွမ်းတဲ့ ကျောက်ရူး *?

နှာတို ဟာ ကျောက်ရူး နဲ့ အတူတူ အလုပ်လုပ်ခဲ့ရင်း

အခုတော့ လွမ်းနေရှာပြီပေါ့ဗျာ...။

ဦးနေကျော်နဲ့ ဦးဒီလုံး ဟာ 

နှစ်ပေါင်းများစွာ တွဲပျက်ခဲ့တဲ့ လူရွှင်တော်နှစ်ဦးပါ။

ဦးနေကျော်ကို ဦးဒီလုံးက

ချစ်စနိုးနဲ့ နှာတို လို့ ခေါ်သလို...

ဦးနေကျော် ကလဲ ကျောက်ရူး လို့ပြန်ခေါ်ပါတယ်။

အမြဲ စစ နောက်နောက် နေကြပြီး

အိမ်ငှားနေကြတာလဲ 

အနီးစပ်ဆုံးနေရာတွေမှာ နေကြတာပါ...

လုံးချင်းအိမ်ကို အပေါ်အောက် ငှားနေဘူးသလို

ဦးဒီလုံး မကွယ်လွန်ခင်ကတော့ 

ဟိုဘက်လမ်း ဒီဘက်လမ်း နေကြပါတယ်။

သူတို့ သံယောဇဉ်ဟာ ပြောစရာစကား

မရှိလောက်အောင်ပါဘဲ...။

လွန်ခဲ့တဲ့ (၂) ရက်က 

ဦးနေကျော်အိမ်ကို ကျွန်တော်နောက်တစ်ခါ

သွားကန်တော့ တော့ 

သူ့သူငယ်ချင်းကို 

အရမ်းသတိရကြောင်း ပြောနေတာပေါ့ဗျာ...။

သူရေးထားတဲ့ စာလေးတွေ ထုပ်ပြရင်း

မျက်ရည် တလည်လည်နဲ့ပေါ့...

*သားရေ မိုးစက် 

မနက် မိုးလင်းတိုင်း..

ဟေ့ကောင် နှာတို ထတော့လေကွာဆိုတဲ့ 

အသံကို အမြဲ ကြားယောင်မိတယ်ကွာ...* တဲ့

အခုတော့...

နှာတို ဟာ ကျောက်ရူး ကို လွမ်းနေရှာခဲ့ပြီပေါ့...။.." ဆိုပြီး မိုးစက်က စိတ်မကောင်းစွာ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

ပရိသတ်တွေကလည်း ကြွေလွှင့်ဆုံးပါးသွားခဲ့ကြတဲ့ ဝါရင့်အနုပညာရှင်ကြီးတွေကို နှမျောမိကြသလို သူငယ်ချင်းဖြစ်သူကို လွမ်းဆွတ်သတိရနေတဲ့ ဦးနေကျော်အတွက်လည်း စိတ်မကောင်းဖြစ်နေကြတဲ့အကြောင်းတွေ ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc

သတင်း အရင်းအမြစ် Moe Sat's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T