သရုပ်ဆောင် ခိုင်နှင်းဝေကတော့ လက်ရှိအချိန်မှာ ပရဟိတအလုပ်တွေကို အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကိုလည်း တည်ထောင်ထားပြီး လူမမယ်ကလေးတွေကို မိခင်ရင်းပမာ ပြုစုစောင့်ရှောက်ပေးနေသူလည်း ဖြစ်ပါတယ်။ ကလေးတွေကိုလည်း အားလပ်ချိန်တိုင်း အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးနေသူဖြစ်တာကြောင့် ပရိသတ်တွေက ခိုင်နှင်းဝေရဲ့ စိတ်ထားလေးကို ချစ်နေကြတာပါ။


ကလေးတွေရဲ့ လှုပ်ရှားမှုတွေကိုလည်း မကြာခဏဝေမျှပေးတတ်ပြီး မကြာသေးခင် နာရီပိုင်းလောက်က ခိုင်နှင်းဝေရဲ့ လူမှုကွန်ယက်တွင် ဗီဒီယိုဖိုင်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ အသက် ခြောက်လပဲ ရှိသေးပေမယ့် စကားတွေအရမ်းတတ်နေတဲ့ သားလေးကို ပေါင်ပေါ်တင်ပြီး ချစ်မဝဖြစ်နေတဲ့ ခိုင်နှင်းဝေရဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ဒီကလေး နာမည်ကတော့ အာကြီးလို့ ခေါ်ပြီး မိခင်ရဲ့ ဝမ်းတွင်းထဲမှာကတည်းက သန္ဓေသားထိခိုက်မှုရှိခဲ့တာကြောင့် သူ့ရဲ့ နှုတ်ခမ်းကို ခွဲစိတ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ သူမမေးသမျှတွေကို ပြန်ဖြေပေးနေတဲ့ သားလေးကို ကြည့်ပြီး အတိုင်းမသိ ပျော်ရွှင်ကြည်နူးနေတာ ဖြစ်ပါတယ်။



ခိုင်နှင်းဝေမှ အာကြီးရဲ့ နှုတ်ခမ်းလေးကို မကြာခင်မှာ ခွဲစိတ်ပေးမှာဖြစ်တဲ့အတွက် သားလေးကို ခံနိုင်ရည်ရှိစေဖို့အာဟာရပြည့်ဝစေမယ့် အစားအသောက်တွေကို သေချာ ဂရုတစိုက်ကျွေးမွေးနေတာ ဖြစ်ပါတယ်။ကလေးတွေကို မိခင်ရင်းပမာ ပြုစုပေးနေတဲ့ ခိုင်နှင်းဝေရဲ့ စိတ်ထားလေးဟာ အရမ်းကို မွန်မြတ်လွန်းလှပါတယ်။ ခိုင်နှင်းဝေတစ်ယောက် ဒီ့ထက်မက ပရဟိတလုပ်ငန်းတွေ ပိုမိုဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Khine Hnin Wai’s Facebook Page





