ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံသော facebook Profile ချိန်းသူတွေကို အကြမ်းဖက်အဖွဲ့ကို အားပေးထောက်ခံမှုဖြင့် အရေးယူသွားမယ်လို့ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်..။
NUG Profile ချိန်းတဲ့သူတွေကို အကြမ်းဖက်ဥပဒေဖြင့် အရေးယူမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီး နှစ်ရက်အတွင်းမှာပဲ NUG Profile ချိန်းသူ (၂)သန်းကျော် (၃)သန်းနီးပါးအထိ ပိုမိုများပြားလာတာ တွေ့ရပါတယ်..။




ဒီကနေ့မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံသော Profile ချိန်းတဲ့ အနုပညာရှင်များအပါအဝင် လူပုဂ္ဂိုလ် (၆၃)ဦးကို အရေးယူမယ်လို့ ညွှန်ကြားထားတဲ့ စာရင်းတချို့ထွက်ပေါ်လာခဲ့ပါတယ်..။
ထွက်ပေါ်လာတဲ့ စာရင်းတချို့မှာတော့ (၅၀၅) က ဖြင့် အရေးယူခံထားရတဲ့ အနုပညာရှင်တွေလည်း ပါဝင်နေပြီး ဒေါင်း၊ ရာဇာနေဝင်း၊ ကျော်ထက်အောင်၊ ဟန်ဇာမိုးဝင်း၊ Rဇာနည်၊ နိုဗယ်ထူး၊ အေးမြတ်သူနဲ့ နန်းစန္ဒာလှထွန်းအပြင် အခြားအနုပညာရှင်တွေလည်း ပါဝင်နေတာ တွေ့ရပါတယ်..။




Campaign မှာ ပါဝင်ခဲ့ကြတဲ့ အနုပညာရှင်အပါအဝင် (၆၃)ဦးကို အကြမ်းဖက်တိုက်ဖက်ရေး ဥပဒေပုဒ်မ ၅၂ ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်..။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) သည် အကြမ်းဖက်အဖွဲ့ကို အားပေးထောက်ခံမှုဖြစ်ပြီး ယင်းဥပဒေအရ ကျူးလွန်ကြောင်းပြစ်မှုထင်ရှားလျှင် အနည်းဆုံး ထောင်ဒဏ် (၃)နှစ်မှ အများဆုံးထောင်ဒဏ် (၇)နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ သိရပါတယ်..။








