အခက်အခဲဖြစ်နေတဲ့ ရေဘေးသင့်ဒေသတွေအတွက် သွားရေးလာရေးအဆင်ပြေစေဖို့ လှေတွေလှူဒါန်းပေးတော့မယ့် ခိုင်နှင်းဝေ

//s9.kh1.co/15/15aeb7fd0f6ae702ae2f4b41e94af0ca4fe11e50.png
အနုပညာရှင်များ

 ၁၃-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၄ နှစ် က

..

ပရဟိတအလုပ်တွေကို မနားမနေကြိုးစားနေတဲ့ ခိုင်နှင်းဝေဟာ လက်ရှိမှာလည်း ရေဘေးသင့်ဒေသတွေ အတွက် လတ်တလောသွားလာရေးအဆင်ပြေစေအောင် လှေတွေလှူဒါန်းပေးတော့မယ့်အကြောင်း သူမရဲ့လူမှုကွန်ယက်မှာ ပြောပြလာခဲ့ပါတယ်။ ရေကြီးရေလျှံမှုတွေဖြစ်နေတာကြောင့် လှူဒါန်းသူတွေရော အလှူခံသူတွေပါ သွားရေလာရေး အတော်လေးအခက်အခဲဖြစ်နေခဲ့ရပါတယ်။ လှူဒါန်းသူတွေဟာလည်း သဒ္ဓါစိတ်ကြောင့်သာ အခက်အခဲတွေကြားထဲက ရအောင်လှူဒါန်းပေးကြပေမယ့် သူတို့အတွက်လည်း အန္တရာယ်များပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

အခုလိုတကယ်လိုအပ်တာတွေလှူဒါန်းပေးတဲ့အခါ လာလှူမယ့်အလှူရှင်ရော အလှူလက်ခံသူရော အတော်လေးအဆင်ပြေပြီး သွားရေးလာရေးအခက်အခဲတွေလည်း ပြေလည်သွားမှာပါ။ ခုနှစ်ရက် သားသမီးတွေရဲ့ စုပေါင်းအလှူဒါနကို လိုအပ်နေသူတွေထံ အမြဲရောက်အောင်ပို့ပေးတတ်တဲ့ မေမေခိုင်နှင်းဝေဟာ ဒီတစ်ခေါက်မှာလည်း အမှန်တကယ်လိုအပ်နေတဲ့ ဒေသတွေအတွက် အကျိုးဖြစ်ထွန်းမယ့်အလှူလေးကို လုပ်ပေးဖို့ အကောင်အထည်ဖော်လိုက်ပြန်ပါပြီ။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

ပရဟိတလုပ်နေသူပီပီ ပြည်သူတွေအကျိုးရှိမယ့်အရာကိုပဲ အသေအချာစဉ်းစားပြီး အကောင်အထည် ဖော်တတ်တာတေ့ာ လေးစားစရာပါပဲ။ အဖက်ဖက်က ဘေးသင့်ပြီး ဒုက္ခရောက်နေကြတဲ့ပြည်သူတွေ အတွက် အသေအချာစဉ်းစားပေးပြီး အခုလိုလှူဒါန်းပေးတဲ့ ခိုင်နှင်းဝေကို ပရိသတ်တွေကလည်း လေးစားချစ်ခင်ကြောင်းနဲ့ ကျေးဇူးတင်ကြောင်း မှတ်ချက်တွေ အများအပြားပေးခဲ့ကြပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

သတင်း အရင်းအမြစ် Khine Hnin Wai's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T