တော်လှန်ရင်း တိမ်းရှောင်နေရတဲ့မင်းမော်ကွန်းအတွက် အဓိပ္ပါယ်တွေပြည့်နေတဲ့ ပန်းချီတစ်ပုံ ဆွဲပေးခဲ့တဲ့ ဒါရိုက်တာ ကိုပေါက်

//s9.kh1.co/cf/cf167762215d3deaaf4f20d55735664ac1ba4688.png
အနုပညာရှင်များ

 ၁၃-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

အာဏာသိမ်းမှုစတင်ဖြစ်ခဲ့တဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းက ပြည်သူ့ဘက်တော်သားအဖြစ် မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ မင်းမော်ကွန်းဟာ လက်ရှိမှာတော့ မိသားစုနဲ့ခွဲခွာပြီး ဘေးလွတ်ရာကို ရှောင်တိမ်းနေရပါတယ်။ မိသားစုကိုသတိရတဲ့အချိန်တွေမှာလည်း လေလှိုင်းပေါ်ကနေ Video Call နဲ့ပဲ အလွမ်းဖြေနေခဲ့ရတာပါ။ ဒီလိုအခက်အခဲတွေရှိပေမယ့် အာဏာရှင်ကိုတော်လှန်မယ့် သူ့ရဲ့ရပ်တည်ချက်နဲ့ စိတ်ဓာတ်ကတော့ ပြောင်းလဲမသွားပါဘူး။ ဘယ်အချိန်ပဲမေးမေး ဒီမိုကရေစီအိပ်မက်နဲ့ အာဏာရှင်ကိုတော်လှန်ချင်တဲ့စိတ်ဟာ အမြဲရှိနေခဲ့ပါတယ်။

Photo Credit - Kyaw Kyaw Htay Lwin's FB Acc
Photo Credit - Kyaw Kyaw Htay Lwin's FB Acc

ဘေးလွတ်ရာကိုရှောင်တိမ်းနေသော်လည်း တော်လှန်ရေးကိစ္စတွေမှာ အမြဲတမ်း တက်တက်ကြွကြွ ပါဝင်ခဲ့သူပါ။ ဒီမိုကရေစီလိုလားတဲ့ပြည်သူတွေကိုလည်း ခွန်အားဖြစ်စေမယ့် စာတွေရေးသားပေးခဲ့ပြီး ရောက်တဲ့နေရာတိုင်းမှာလည်း သတိရှိရှိနဲ့ တော်လှန်နေခဲ့ပါတယ်။ ဒီနေ့မှာတော့ ဒါရိုက်တာကိုပေါက်ဟာ တိမ်းရှောင်နေတဲ့ မင်းမော်ကွန်းအတွက် အမှတ်တရပန်းချီပုံလေးဆွဲပေးခဲ့ပြီး ဒီပုံလေးကို မင်းမော်ကွန်းက သူ့ရဲ့လူမှုကွန်ယက်မှာ ပြန်လည်ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Kyaw Kyaw Htay Lwin's FB Acc
Photo Credit - Kyaw Kyaw Htay Lwin's FB Acc

ဆန္ဒပြစဉ်က မင်းမော်ကွန်းရဲ့ပုံတစ်ပုံကို ပုံတူဆွဲခဲ့တာဖြစ်ပြီး အသက်ဝင်လွန်းတဲ့ပုံကို အားလုံးက သဘောကျနေခဲ့ကြပါတယ်။ " Art is Freedom STOP ARRESTING ARTIST " ဆိုတဲ့စာသားဟာ အနုပညာရှင်တွေအတွက် အတော်လေးကိုအဓိပ္ပါယ်ရှိလွန်းပါတယ်။ အနုပညာဆိုတာ ဘောင်ကန့်သတ်ထား တာတွေမရှိတာမို့ စိတ်ထဲရှိသလောက် စီးမျောခံစားခွင့် ရှိသလို အနုပညာရှင်တွေကိုလည်း ဖမ်းဆီးချုပ်နှောင်တာမျိုးတွေမလုပ်သင့်ဘူးဆိုတဲ့ သဘောနဲ့ ဖော်ကျူးခဲ့တာကို အခုလိုအဓိပ္ပါယ်ရှိတဲ့ ပန်းချီကားတစ်ချပ်အဖြစ် ကိုပေါက်က ပြန်လည်ပုံဖော်ခဲ့တာပါ။

Photo Credit - Kyaw Kyaw Htay Lwin's FB Acc
Photo Credit - Kyaw Kyaw Htay Lwin's FB Acc

သတင်း အရင်းအမြစ်Kyaw Kyaw Htay Lwin's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T